DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်ကို ချက်ချင်းအရေးယူရန် ဆောင်ရွက်နေဟု ပြည်ထဲရေးပြော
DVB
·
January 18, 2018
ဒေါက်တာအေးမောင်ကို ချက်ချင်းအရေးယူရန် ဆောင်ရွက်နေဟု ပြည်ထဲရေးပြော
Donate to DVB

 

ဒေါက်တာအေးမောင်ကို တည်ဆဲဥပဒေအရ ချက်ချင်းအရေးယူရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေး အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

“တည်ဆဲဥပဒေအရ အရေးယူပါလိမ့်မယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ ခင်ဗျ။ တည်ဆဲဥပဒေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပါလိမ့်မယ်။ ချက်ချင်းအရေးယူမှာပေါ့ဗျ” လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ဇန်န၀ါရီ ၁၈ ရက်မနက်ကပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေ ဟောပြောပွဲနဲ့ပတ်သက်ပြီး  ဟောပြောသူဒေါက်တာအေးမောင်နဲ့  စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်အရေးယူ ထားပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးကို  နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရား အသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့နဲ့ အမှုဖွင့်တရားစွဲဆိုဖို့လည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013