DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် ငါးဖားရွာအုပ်စုက ဒေသခံအချို့ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအား ကန့်ကွက်
DVB
·
January 18, 2018
ကလေးမြို့နယ် ငါးဖားရွာအုပ်စုက ဒေသခံအချို့ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအား ကန့်ကွက်
Donate to DVB

ကလေးမြို့နယ် ငါးဖားကျေးရွာ အုပ်စုထဲက ရွာငါးရွာမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် ကြီးကြပ်ရေးမှူး ရွေးစဉ်ကတည်းက ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဒေသခံအချို့က ကန့်ကွက်စာတင်ထားပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌထံ ရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း ကန့်ကွက်စာ တင်ထားတယ်လို့ ငါးဖားအုပ်စုဝင် အောင်ချမ်းသာရွာ တာဝန်ခံ ကိုအောင်ကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်ကိုယ်တိုင် တာဝန်ထမ်းဆောင်နေတဲ့ ရွာမှာတင် အဲဒီရွာရဲ့ ကြီးကြပ်ရေးကော်မရှင် ရွေးချယ်တာကို မသိဘူး။ ကျနော့်ကိုလည်း အသိမပေးဘူး။ ကျနော့်ရွာကို ဆယ်စုမှူးတွေ ရွေးချယ်မယ်ဆိုပြီး လာကြတယ်။ ဒီတော့ ကျနော်က ဒါဟာ ဥပဒေနဲ့လည်း မညီဘူး။ အဲဒီတော့ ကျင်းပခွင့် ဖျက်လိုက်တယ်။ အဲဒီတော့ ကျနော့် အောင်ချမ်းသာမှာ ဆယ်စုမှူး ရွေးချယ်တာကအစ မအောင်မြင်ခဲ့ဘူး။ ဒါတွေအတွက် ကန့်ကွက်စာလည်း တင်ထားတယ်”

ငါးဖားအုပ်စုမှာ ဆယ်အိမ်စုမှူး ရွေးချယ်တာနဲ့ ပတ်သက်ပြီး အုပ်စုဝင် ဆင်ရွာဘက်မှာ အတူနေ လင်မယားနှစ်ဦးစလုံးကို မဲပေးခွင့်ပေးထားတာ၊ လူမရှိဘဲ ကိုယ်စားမဲပေးခွင့် ပေးတာ၊ တချို့ ဆယ်စုမှူးထဲမှာ မဲပါခွင့်မရှိတဲ့ အိမ်ထောင်စုတွေ ရှိနေတာ စတဲ့ အချက်အလက်နဲ့တကွ ကန့်ကွက်စာ တင်ထားတယ်လို့လည်း သိရပါတယ်။

အခုလို ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကျပ်ရေးကော်မရှင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး လက်ရှိ ငါးဖားအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကတော့ “ရွာတိုင်း ရွာတိုင်းမှာ တာဝန်ခံနဲ့ပဲ လုပ်ခိုင်းတာ” လို့ ပြောပါတယ်။

ငါးဖားရွာအနေနဲ့ ဆယ်အိမ်စုမှူး ရွေးချယ်ဖို့ကို ဇန်နဝါရီ ၁၇ ရက်မှာ မဲပေးခဲ့ကြရာမှာ မရွေးချယ်ခင် ဗလာစာရွက်ငယ်တွေနဲ့ ဆယ်အိမ်စု နာမည်စာရင်းတွေကို ရေးပြီး ဘယ်သူက ဘယ်သူကို မဲပေးပါဆိုပြီး စေခိုင်းမှုတွေ ရှိနေတာတယ်ဆိုပြီး ရွေးချယ်ပွဲကို  ကျေးရွာဒေသခံ တချို့တွေက ကန့်ကွက်ဖို့ ရှိနေပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013