DVB Logo
Home
မြန်မာသတင်း
ပညာရေးနှင့် ကျန်းမာရေးအတွက် ၆ လစာဘတ်ဂျက် ကျပ်ဘီလီယံ ၁၂၀၀ ကျော်လျာထား
DVB
·
January 17, 2018
ပညာရေးနှင့် ကျန်းမာရေးအတွက် ၆ လစာဘတ်ဂျက် ကျပ်ဘီလီယံ ၁၂၀၀ ကျော်လျာထား
Donate to DVB

 

၂၀၁၈ ခုနှစ် ၆ လစာဘတ်ဂျက်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၄၀၀ ကျော်နဲ့ ပညာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၈၀၀ ကျော် လျာထားတောင်းခံထားပါတယ်။

ဇန်န၀ါရီ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ဧပြီကနေ စက်တင်ဘာ ထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်း စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ပတ်သက်လို့ ရှင်းလင်းတာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အခုလို လျာထားဘတ်ဂျက်တွေကို တင်ပြတောင်းခံခဲ့တာပါ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ၆ လ ဘတ်ဂျက်အတွက် စုစုပေါင်း ကျပ် ၄၁၉ ဒသမ ၅၉၉ ဘီလီယံလျာထားတောင်ခံခဲ့ပြီး ဒီပမာဏမှာ နိုင်ငံတော်က ကျပ် ၃၆၉ ဒသမ ၆၆၄ ဘီလီယံ၊ ပြည်ပက ကျပ် ၄၉ ဒသမ ၉၃၅ ဘီလီယံဖြစ်လို့ ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော် ၈၈ ရာခိုင်နှုန်းနဲ့ ပြည်ပက ၁၂ ရာခိုင်နှုန်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

“အခု ၆ လပတ်အတွက် တောင်းတဲ့ ကျပ် ၄၁၉ ဒသမ ၅၉၉ ဘီလီယံဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် နှစ်ဝက် ပြုပြင်ပြီး ငွေစာရင်းနဲ့ ယှဉ်လို့ရှိရင်မူ ခွင့်ပြုငွေရဲ့ ၃၇ ရာခိုင်နှုန်းကိုပဲ တောင်းထားလို့ အများကြီးနည်းပါတယ် ” လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၆ လ ဘက်ဂျက်အတွက် စုစုပေါင်းကျပ် ၈၀၇ ဒသမ ၁၄၆၅၅၂ ဘီလီယံ လျာထားတောင်းခံခဲ့ပြီး ဘဏ္ဍာရေးစည်းကမ်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013