DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် အရပ်သား ၇ ဦးသေဆုံး၊ ၁၂ဦးဒဏ်ရာရ၊  ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရဟု အစိုးရထုတ်ပြန်
DVB
·
January 17, 2018
မြောက်ဦးတွင် အရပ်သား ၇ ဦးသေဆုံး၊ ၁၂ဦးဒဏ်ရာရ၊  ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရဟု အစိုးရထုတ်ပြန်
Donate to DVB

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ ၇ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဒဏ်ရာရ သွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်းမှာ ရခိုင်ဘုရင့် နိုင်ငံတော်အချုပ် အခြာအာဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို တားမြစ်တဲ့ အပေါ် မကျေနပ်လို့ ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီလောက်က လူစုလူဝေး ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့အတွင်း ကြွေးကြော်သံတွေနဲ့ လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းတွေနဲ့ အညီ အဆင့်ဆင့် တားမြစ်ခဲ့ပေမယ့် အခြေအနေပိုမိုဆိုးရွားလာလို့ သေနတ်နဲ့ သတိပေး ခြောက်လှန့်ပစ်ခတ်တာနဲ့ လူစုကွဲစေဖို့ပစ်ခတ်ခဲ့ရာမှာ  အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ သတင်း ထုတ်ပြန်ချက်မှာရေးပါတယ်။

ဒ့ါအပြင် လူစုလူဝေးကကျောက်ခဲတွေနဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်း ဆိုင်ကယ်တချို့၊ ဌာန ပိုင်မော်တော်ယာဉ်တချို့၊ ရုံးခန်းနဲ့ မှန်တံခါးတွေပျက်စီးသွားခဲ့တယ်လို့လည်းဆိုပါတယ်။

ခုလိုရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နှင်းခဲ့ပြီး အရပ်သားတွေသေဆုံးခဲ့ရမှုပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စစ်တွေမြို့ခံတချို့ကလည်း  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013