DVB Logo
Home
မြန်မာသတင်း
အရပ်သားများကိုပစ်ခတ်နှိမ်နင်းခဲ့မှု အစိုးရကတာဝန်ယူရန် စစ်တွေမြို့၌ဆန္ဒပြတောင်းဆို
DVB
·
January 17, 2018
အရပ်သားများကိုပစ်ခတ်နှိမ်နင်းခဲ့မှု အစိုးရကတာဝန်ယူရန် စစ်တွေမြို့၌ဆန္ဒပြတောင်းဆို
1 / 4
Donate to DVB

 

မြောက်ဦးမြို့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နှင်းခဲ့ပြီး အရပ်သားတွေသေဆုံးခဲ့ရအမှုပေါ် ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က စစ်တွေမြို့ခံတချို့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာ တက်ကြွလူငယ် ၅ ဦးက လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး မြောက်ဦးဆန္ဒထုတ်ဖော်ရမှာ ပါဝင်တဲ့ အရပ်သားတွေ ပစ်ခတ်မှုအပေါ် အစိုးရ ထိထိရောက်ရောက်တာဝန်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဆန္ဒထုတ်ဖော်ရမှာ ပါဝင်သူကိုခိုင်သူရိန်က “မနေ့က ငြိမ်းချမ်းစွာဆန္ဒပြပြသူတွေကို အာဏာပိုင်တွေကအကြမ်းဖက်ပြီးတော့ နှိမ်နင်းတယ်။ အဲ့ဒီမှာလူတွေ အသေအပျောက်တွေ များတယ်။ နောက်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။ အဲ့ဒီဟာကမလို အပ်ပဲ အာဏာကို အလွဲသုံးစားလုပ်တယ်။ ဒီလိုပြည်သူတွေကို ထိခိုက်နာကျင်အောင်လုပ်တဲ့ သူတွေကိုတော့ ဒီခေတ်မှာလုံးဝလက်ခံလို့ မရပါဘူး။ နောက်ထပ် ဒီလိုမဖြစ်ရအောင် ထုတ်ဖော်တာဖြစ်တယ်။ ဒီလိုသွေးထွက်သံယိုဖြစ်တာကို အစိုးရမှာ တာဝန်ယူရမယ်”လို့ ပြောပါတယ်။”

ဒါ့အပြင်မနေ့က ဆန္ဒပြသူတွေကို ပစ်ခတ်မှုမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတရားဥပဒေအရ လည်းထိထိရောက်ရောက်အရေးဖို့ တောင်းဆိုတယ်လို့လည်း ဆန္ဒထုတ်ဖော်ရမှာ ပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရမှာ ပါဝင်သူ ကိုသန်းလှက “အစိုးရက ကိုင်တွယ်ဖြေရှင်းပုံက အဆင်မပြေဘူး ဖြစ်တယ်။ အရမ်းကိုလက်မခံနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒီအပေါ် တရားမျှတပြီးဖြေရှင်းတဲ့ နည်းစနစ်ကို သုံးစေချင်တယ်။ ပြဿနာတွေဖြစ်လာတဲ့အခါမှာ ဖြေရှင်းတဲ့နည်းစနစ် ကောင်းဖို့လိုပါတယ်။”လို့ပြောပါတယ်။

မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

သက်ဆိုင်ရာက လူစုခွဲဖို့ သတိပေး ပြောကြားခဲ့ပေမယ့် လူစုခွဲခြင်းမရှိဘဲ ခဲတွေနဲ့ ပြန်လှန်ပစ်ပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရတယ်လို့ မြောက်ဦး မြို့နယ်ရဲစခန်းကဆိုပါတယ်။

ခုလို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နှင်းခဲ့ပြီး အရပ်သားတွေသေဆုံးခဲ့ရအမှုပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့က ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စစ်တွေမြို့ခံတချို့ကလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013