DVB Logo
Home
မြန်မာသတင်း
လီဆူနှစ်ကူးပွဲတော်တွင်  လီဆူသမိုင်းနှင့်ဒေသပစ္စည်းများပြခန်းဖွင့်လှစ်ပြသ (ဓာတ်ပုံ)
DVB
·
January 17, 2018
လီဆူနှစ်ကူးပွဲတော်တွင်  လီဆူသမိုင်းနှင့်ဒေသပစ္စည်းများပြခန်းဖွင့်လှစ်ပြသ (ဓာတ်ပုံ)
1 / 8
Donate to DVB

 

ကချင်ပြည်မြောက်ပိုင်း ပူတာအိုမြို့မှာ ကျင်းပနေတဲ့ လီဆူရိုးရာ(ခေါ့ရှိ) နှစ်သစ်ကူးပွဲတော်နဲ့ ပူတာအို လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီရဲ့ နှစ် ၆၀ ပွဲတော် ပြခန်းကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေ အထူးစိတ်ဝင်စားနေကြပါတယ်။

ပြခန်းမှာ လီဆူလူမျိုးဆင်းသက်လာပုံ၊ လူနေမှု၊ အလုပ်အကိုင်၊ အသုံးအဆောင်တွေ၊ ဒေသထွက်ကုန်တွေကို လေ့လာနိုင်အောင်ပြသထားတာဖြစ်တယ်လို့ လီဆူ ပြပွဲတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လီဆူလူမျိုးတွေဟာ ကနဦးက မွန်ဂိုလီးယားကုန်းပြင်မြင့်ကနေ ဆင်းသက်ခဲ့ပြီး ထိုင်းနိုင်ငံထိ ဆင်းသက်ခဲ့ကြောင်းသိရပါတယ်။ ပထမလူမျိုးကို မွန်ဂိုလွိုက်လူမျိုးလို့ခေါ်ဆိုပြီး ပြီးမှ မွန်ခမာ၊ တိဘက်မြန်မာ၊ လိုလိုမုဆိုး၊ လီဆူးလူမျိုးဆိုပြီး ခေါ်ဝေါ်ခဲ့ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

လီဆူ လူမျိုးအများစုဟာ အမဲလိုက်တာနဲ့ အသက်မွေးဝမ်းကြောင်းကြပြီး ရေခဲတောင် တွေပေါ်မှာ အများစုနေထိုင်ကြတဲ့အတွက် ရေခဲတောင်ရှိ ဆေးဝါးအပင်တွေကို နှံ့စပ်ကျွမ်းဝင်သူ ဖြစ်ကြောင်းသိရပါတယ်။ ဆေးပင်အမျိုးစားတူပေမယ့်လည်း ရေခဲတောင်အပင်တွေက အထူးဆေးဘက်ဝင်ကြောင်း သိရပါတယ်။

ပြခန်းမှာ ရေခဲတောင်ပေါ်ရှိပစ္စည်းတွေ ပါဝင်အောင်ပြသထားပါတယ်။ အခြားဒေသမှာ မရှိဘူးတဲ့ ဆေးဘက်ဝင်အပင်များအပြင် ရေခဲတောင်ပေါ်နေ တောင်ဆိတ်ဦးချို၊ ရိုးရိုး တောင်ဆိတ်ဦးချို၊ ဆတ်ချိုအမျိုးမျိုး၊ ပင်လယ်ဆတ်ချို၊ တောင်ပေါ်ဒေသရှိ ကျောက်စိမ်းတွေ၊ ထူးခြားကျောက်တုံးတွေ၊ ကျော်ခြေထောက်တွေ၊ ရှားပါးအကောင်တွေရဲ့ ရုပ်လုံးသွပ်အကောင် တွေ၊ ရှားပါးပျောက်ကွယ်လု အကောင်များကို ရုပ်ပုံကားချပ်များနဲ့လည်းပြသထားပါတယ်။

လီဆူလူမျိးတို့ရဲ့ ရှေးနှစ်ပေါင်းများစွာက အသုံးပြုခဲ့ကြတဲ့ မြေခေတ်၊ ကြေးခေတ်ပစ္စည်း တွေကိုလည်း ပြသထားပါတယ်။ ရှေးခေတ်စော်ဘွားများလွယ်ခဲ့တဲ့ ငွေကနုတ်ဖော် ငွေဓား ကိုလည်း ထူးခြားစွာတွေ့ရပါတယ်။

သစ်တောနဲ့ သားငှက်ပြခန်းမှာလည်း ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော များမှာနေထိုင်ကျက်စားကြတဲ့ ရှားပါးသားငှက်တွေကိုလည်း ပြသထားတဲ့အတွက် တက်ရောက်လာသူတွေ အထူးစိတ်ဝင်တစား လေ့လာကြတာ တွေ့ရပါတယ်။

လီဆူရိုးရာ(ခေါ့ရှိ)နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တနိုင်ငံလုံးမှ လီဆူလူမျိုး တစ်သောင်းကျော် တက်ရောက်ကြောင်း သိရပါတယ်။

သတင်း - ခင်သန်းညွှန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013