DVB Logo
Home
မြန်မာသတင်း
အန်စီအေကို တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် ဖော်ဆောင်ရန်တိုက်တွန်း
DVB
·
January 17, 2018
အန်စီအေကို တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် ဖော်ဆောင်ရန်တိုက်တွန်း
Donate to DVB

 

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(အန်စီအေ)ကို အကောင်အထည်ဖော်ရာမှာ  တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုရှိဖို့ လိုတယ်လို့ ကရင်အမျိုးသာစည်းအရုံး ကေအန်ယူက  ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဇန်န၀ါရီ ၁၇ရက်မနက်လုပ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အန်စီအေစာချုပ်ကို အကောင်အထည်ဖော်ရတာ ထင်သလောက် မလွယ်ကူဘူး။ လက်နက်ကိုင်နှစ်ဘက်အကြား သံသယနဲ့  စိုးရိမ်စိတ်များ ရှိနေသေးလို့သံသယနဲ့ စိုးရိမ်စိတ်များ တိုးပွားစေနိုင်တဲ့  အပြောအဆို အပြုအမူများကို နှစ်ဘက်လုံးက အထူးသတိထားရမှာ ဖြစ်တယ်။ အန်စီအေ သက်တမ်း ၂ နှစ်ကျော်လာပြီဖြစ်လို့  အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု ရှိဖို့  လိုအပ်တယ်။”

ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးဟာ  JMC-U ဒုတိယဥက္ကဋ္ဌဖြစ်ပြီး အစည်းအဝေးဖွင့်ပွဲမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

သူက အန်စီအေပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို နှစ်ဘက်လက်နက်ကိုင်တပ်တွေက ဖောက်ဖျက်မှုရှိ-မရှိ စောင့်ကြည့်ရမှာဖြစ်ပြီး ဖောက်ဖျက်ရင် စိစစ်အတည်ပြု အရေးယူ ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကလည်း “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ငြိမ်းချမ်းရေးမဟာဗျူဟာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တယ်၊ အန်စီအေကို အခြေခံပြီး ရည်မှန်းချက် ချမှတ်ဆောင်ရွက်ရာမှာ ရည်မှန်းချက်နဲ့  ရည်မှန်းချက်သို့ သွားရာလမ်းကြောင်း တူညီဖို့ လိုအပ်တယ်၊ ဒါမှပဲ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)ရဲ့ ဒီနေ့ အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေ အစားထိုးခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနဲ့  ဒုဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) တို့အစား ဒုဗိုလ်ချုပ်ကြီးအေးဝင်းနဲ့ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ငြိမ်း) ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် ပဒိုစောတာဒိုမူးအစား ပဒိုစောဆဲဂေတို့ကို ကော်မတီဝင်တွေအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

JMC-U အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်ကနေ  ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013