DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းအမှု လာမည့်ရုံးထုတ်တွင် လိုပြသက်သေကို စတင်စစ်ဆေးမည်
DVB
·
January 17, 2018
ဖြိုးကိုကိုတင့်ဆန်းအမှု လာမည့်ရုံးထုတ်တွင် လိုပြသက်သေကို စတင်စစ်ဆေးမည်
Donate to DVB

 

နေပြည်တော်လေဆိပ်မှာ လက်နက်တွေနဲ့ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်းအမှုအတွက် ဒီကနေ့ ဇန်န၀ါရီလ ၁၇ ရက်မှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့်အပတ်မှာ အမှုရဲ့ တရားလိုပြ သက်သေ ၂ ဦးကို စတင်စစ်ဆေးဖို့ရှိနေပါတယ်။

ဒက္ခိဏ ခရိုင် ဒုတိယ တရားသူကြီး ဦးခင်မောင်ထွေးက “ဥပဒေ ကျင့်ထုံးအရ အမှုစစ်ဆေးတဲ့နေရာမှာ လွယ်ကူဖို့အတွက်ရယ်။ အမှုသည်တွေအမှုကို ဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေချောမွေ့ဖို့အတွက်ရယ်။ အမှုကို ပေါင်းပြီးစစ်တာပါတဲ့။ သူတို့ရဲ့ စွဲတဲ့ စွဲချက်ကြီးကို ပယ်ဖျက်ဖြစ်တာမဟုတ်ပါဘူးတဲ့။ ဒါက ခရိုင်တရားသူကြီးက ပြောတဲ့ဟာပေါ့။ ကျင့်ထုံးအရ ဆောင်ရွက်ခြင်း ဖြစ်တယ်တဲ့။ လာမယ့် တချိန်းမှာတော့ ပေါင်းစစ်သင့် မစစ်သင့် အမိန့်ချမယ်။ တရားလိုပြ သက်သေ ၂ ဦးကိုလည်း စတင်စစ်ဆေးမယ်”လို့ ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေ ရင်ဆိုင်ရမယ့်အမှုတွေဟာ များပြားတဲ့ အတွက် အမှုကို ပူးပေါင်း စစ်သင့် မစစ်သင့်ကိုလည်း လာမယ့် ဇန်န၀ါရီ ၂၄ ရက် ရုံးထုတ်စစ်ဆေးမှုမှာ အမိန့်ချမှတ်လို့ သိရပါတယ်။

ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် (၆)ဦးကို မူး/စိတ် ဥပဒေပုဒ်မ ၁၅/ ၁၆ (ဂ)/ ၂၀၊ ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် (၃)ဦးကို လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် (၅)ဦးကို လက်နက်အက် ဥပဒေ ၁၉ (က)/ ၁၉ (စ)၊ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် (၃)ဦးကို မူး/စိတ် ဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/ ၂၀၊ ဦးဖြိုးကိုကိုတင့်ဆန်းအပါအ၀င် (၂)ဦးကို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ပုဒ်မ (၇) နဲ့ တရားစွဲဆိုခံထားရတာပါ။

ဒါ့အပြင် ဖြိုးကိုကိုတင့်ဆန်းကို သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တွေနဲ့ လည်းထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013