DVB Logo
Home
မြန်မာသတင်း
မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ပါတီသစ်ထောင်
DVB
·
January 17, 2018
မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ပါတီသစ်ထောင်
1 / 5
Donate to DVB

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့တဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (National United Democratic Party-NUD)အမည်နဲ့ ပါတီတစ်ခုဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်

NUD ပါတီကိုတော့ အဖွဲ့ဝင် ၁၈ ဦးနဲ့ နိုဝင်ဘာ ၆ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီးပါက ကျင်းပမယ့် ရွေးကောက်ပွဲအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ NUD ပါတီရုံးချုပ်ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဖွင့်လှစ်ထားပြီး ရုံးခွဲတွေကိုတော့ တိုင်းဒေသကြီး ၇ ခုမှာဆက်လက် ဖွင့်လှစ်သွားမယ်၊  ပြည်နယ်တွေမှာတော့ ရုံးခွဲဖွင့်မှာမဟုတ်ပဲ ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားမယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

“ပါတီမှာနိုင်ငံခြားပြန်စိုက်ပျိုးရေး ပညာရှင်တွေတဝက်ကျော်လောက်ပါတော့ ၇၀ ရာခိုင်နှုန်း ရှိတဲ့ တောင်သူလယ်သမားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်မယ်။ အနာဂတ်မှာ တောင်သူ လယ်သမား အလုပ်သမားနဲ့ အခြေခံလူတန်းစားပြည်သူတွေအကျိုးကို တက်တက်ကြွကြွနဲ့ သန့်သန့်ရှင်းရှင်း ဆောင်ရွက်မှာပါ”

NUD ပါတီတံဆိပ်ကိုတော့ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ အခြေခံ လူတန်းစားတွေကို ကိုယ်စားပြုတဲ့ ရုပ်ပုံနဲ့ အရောင်တွေကိုပဲ အသုံးပြုထားပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013