DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ KGG အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
January 17, 2018
ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ KGG အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
1 / 2
Donate to DVB

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ KGG အထည်ချုပ်စက်ရုံက အလုပ်သမား တထောင်လောက်ဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတယ်ဆိုပြီး  ဇန်နဝါရီ ၁၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေက တောင်းဆိုချက် ၁၃ ချက်ကို တောင်းဆိုထားပြီး မဖြေရှင်းပေးပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်ခေါင်းဆောင် မအိသန္တာဖြူက ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြတောင်းဆိုတာနဲ့ပတ်သက်လို့ ညှိနှိုင်းမှုတွေ လုပ်တဲ့အခါ အလုပ်ရှင်ဘက်က အရေးပါတဲ့သူတွေ မပါဝင်တာကြောင့် ညှိနှိုင်းမှုတွေ မလုပ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေအပေါ် အလုပ်ရှင်နဲ့ လုပ်ငန်းခွင်ခေါင်းဆောင်တွေ အတိအကျ လိုက်နာဖို့၊ လူမှုဖူလုံရေးကတ် အမြန်ဆုံးလုပ်ပေးဖို့၊ ရာထူးချခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို မူလရာထူးပြန်ခန့်ပေးဖို့၊ သန့်ရှင်းရေးလုပ်ငန်းတွေ မခိုင်းစေဖို့နဲ့ တနေ့ လုပ်ခလစာ ကျပ် ၄၈၀၀ ပေးဖို့ စတဲ့ အချက် ၁၃ ချက်ကို အလုပ်သမားတွေဘက်က တောင်းဆိုထားတာပါ။

KGG အထည်ချုပ်စက်ရုံကို ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013