DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင်​အတွင်း သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူ တိုးလာ
DVB
·
January 17, 2018
မြင်းခြံခရိုင်​အတွင်း သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူ တိုးလာ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး လူမှုဝန်​ထမ်းဦးစီးဌာနမှ ​ထောက်​ပံ့ကူညီ​ပေး​​နေတဲ့ သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ကို မြင်းခြံခရိုင်​မှ ​လျှောက်​ထားသူ အဘိုးအဘွားဦး​ရေ ပိုတိုးလာတယ်​လို့ ဇန်​နဝါရီ ၁၆ ရက်​​နေ့က မြင်းခြံခရိုင်​ လူမှုဝန်​ထမ်းရုံးမှ တာဝန်​ရှိသူတ​ဦးက ပြောပါတယ်။

ခရိုင်​လူမှုဝန်​ထမ်းရုံးမှ ဒုတိယညွန်​ကြား​ရေးမှူး ​ဒေါ်ဖြူဖြူထွန်းက “လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူ အဘိုးအဘွား​တွေ ပိုတိုးလာတယ်​။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်​တုန်း​က အသက်​ ၉၀ နှစ်​အထက်​ အဘိုးအဘွား တ​ဦးကို တ​နှစ်​မှာ တ​ကြိမ်​ ၁၀,၀၀၀ ကျပ်​သာ ​ထောက်​ပံ့​ပေးခဲ့ပြီး၊ အသက်​ ၁၀၀ အထက်​ အဘိုး အဘွားကို​တော့ တ​နှစ်​မှာ တြ​ကိမ်​ ၁၅,၀၀၀ ကျပ်​သာ ​ထောက်​ပံ့​ပေးခဲ့တာပါ။ အခု အဲဒီလို ​ထောက်​ပံ့​ပေးတာကို ရပ်​ဆိုင်းခဲ့ပြီး၊ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​ကစပြီး အသက်​ ၉၀ နှစ်​အထက်​ အဘိုး အဘွား တ​ဦးကို လစဉ် ​​ထောက်​ပံ့​ငွေအဖြစ်​ တလ ၁၀,၀၀၀ ကျပ်နှုန်း ​ထောက်​ပံ့​ပေး​​နေပါတယ်​။ ​ထောက်​ပံ့​ပေးမှုပုံစံက သုံးလ​ပေါင်းပြီး တကြိမ်​ ​ထောက်​ပံ့​ပေးတာပါ။ မြင်းခြံခရိုင်​အတွင်း ပထမ သုံးလပတ်​မှာ ၈၅၁ ဦး၊ ဒုတိယ သုံးလပတ်​မှာ ၈၇၉ ဦး၊ တတိယ သုံးလပတ်​မှာ ၈၉၈ ဦးအထိ ​ထောက်​ပံ့​ပေးခဲ့ပါပြီ။ ဒီ ၉ လအတွင်းမှာ ​လူမှု​ရေးပင်​စင်​ ​လျှောက်​ထားတဲ့ အဘိုး အဘွား ဦး​ရေ ၄၇ ဦးထပ်​ပြီး တိုးလာတာ​ပေါ့။ ကျန်​တဲ့ သုံးလမှာလည်း ဆက်​တိုးလာဖို့ ရှိပါတယ်”​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

မြင်းခြံခရိုင်​ ၄ မြို့နယ်​ဖြစ်​တဲ့ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်​၊ ​တောင်​သာ စတဲ့ မြို့တွေမှ သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူများဟာ ကိုယ်​​ရေးရာဇဝင်​ အချက်​အလက်​ ပြည့်စုံရမှာဖြစ်​ပြီး စတုတ္ထ သုံးလပတ်​ ​ထောက်​ပံ့မှုကို​တော့ မတ်​လ ၁၅ ရက်​​နေ့မှာ ​ထောက်​ပံ့​ပေးသွားမယ်​လို့ သိရပါတယ်​။

“အစိုးရက ခုလို ​ထောက်​ပံ့​ပေးတာကို​တော့ ​ကောင်းပါတယ်​၊ ဒါ​ပေမယ့် တ​လကို ၁၀,၀၀၀ ကျပ်​ဆို​တော့ ​ဆေးဖိုး​တောင် ​မရပါဘူး။ ပြီး​တော့ အသက်​ ၇၅ နှစ်​​လောက်​ကစပြီး ​ထောက်​ပံ့ေ​ပးရင်​ ပို​ကောင်းတာ​ပေါ့”လို့ အသက်​ ၉၁ နှစ်​ရှိတဲ့ ​ဒေါ်​အေး​ရွှေက ​ပြောပါတယ်​။

လက်​ရှိမှာ​တော့ မြင်းခြံမြို့နယ်​ တ​မြို့နယ်​အတွက်​ (HAI) အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို ​စောင့်​ရှောက်​​ရေးအဖွဲ့ (မြန်​မာ) က အသက်​ ၈၅ နှစ်​မှ ၈၉ နှစ်​အထိ သက်​ကြီးရွယ်​အို အဘိုး အဘွားတွေကို ဇန်​နဝါရီလကစတင်​ပြီး တ​လကို ၁၀,၀၀၀ ကျပ်​ ​ထောက်​ပံ့​ပေးသွားမယ်​လို့ သိရပါတယ်​။

သတင်း-  ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013