DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်
DVB
·
January 17, 2018
နေပြည်တော်တွင်  ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်
Donate to DVB

နေပြည်တော်၊ လယ်ဝေးမှာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့တယ် လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်က လယ်ဝေးမြို့နယ်၊ သပြေပင် အ.ထ.က (၃) ကျောင်းမှာ ငလျင်ဘေးအသိ ပညာပေးဇာတ်တိုက်လေ့ကျင့်ခန်း အစမ်းလေ့ကျင့်ခြင်းတခု ကျင်းပပြုလုပ်ခဲ့တာ လို့ သတင်းမှာ ဖော်ပြပါတယ်။

နေပြည်တော်တိုင်းဦးစီးမှူးက ငလျင်ဘေးနဲ့ စပ်လျဉ်းတဲ့ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ကျောင်းသူ/ ကျောင်းသား (၂၅၀) လောက်နဲ့ဝန်ထမ်းတွေအပါဝင် စုစုပေါင်း ၃၀၀ လောက် ပူးပေါင်း ပါဝင်ဆောင် ရွက်ခဲ့ပါတယ်။

ဇန်န၀ါရီလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ငလျင် အကြိမ် ၂၀ ကျော် လှုပ်ခဲ့ပြီး ပြည်သူလူထုအကြား စိုးရိမ်မှု မြင့်တက်နေချိန်မှာ လူကယ်ပြန်ဝန်ကြီးဌာနက အခုလို ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013