DVB Logo
Home
မြန်မာသတင်း
ပိဋကတ် သုံး​ပုံကို မွန်ဘာသာဖြင့်​ ပြန်ဆိုထုတ်​ဝေ
DVB
·
May 2, 2012
ပိဋကတ် သုံး​ပုံကို မွန်ဘာသာဖြင့်​ ပြန်ဆိုထုတ်​ဝေ
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့​ သန္တိသုခ​ကျောင်း​တိုက်မှာ ပိဋကတ်​တော်​တွေကို ဘာသာပြန် ထုတ်​ဝေ​နေတယ်လို့​ ဘာသာပြန်ရာမှာ ဦး​ဆောင် သံဃာတပါး​ဖြစ်တဲ့​ ရဟန်း​တော် ဘဒ္ဒန္တသုနန္ဒက မိန့်​တော်မူပါတယ်။ သုတ် ဝိနည်း​ အဘိဓမ္မာ ၃ ဘုံထဲက သုတ္တန် ​ဒေသနာ​တွေကိုလည်း​ စ ဘာသာပြန်​နေပါပြီ။

“ဘဒ္ဒန္တသုနန္ဒ (သန္တိသုခမဟာရင်​ကျောင်း​တိုက်) ​အောင်​ဇေယျရပ်ကွက်၊​ သံဖြူဇရပ်မြို့​ ဗုဒ္ဓစာ​ပေ​တွေကို မွန်ဘာသာနဲ့​ သီး​သန့်​ရှိ​စေချင်တယ်။ ပါဠိ မကျွမ်း​ကျင်တဲ့​သူ​တွေအဖို့​ မွန်ဘာသာတတ်ရုံနဲ့​ ​လေ့​လာနိုင်​အောင် ခုလို ဘာသာပြန်ရတာ”လို့​ ဆရာ​တော်က မိန့်​ဆိုပါတယ်။

သုတ္တန်ထဲက အင်္ဂုတ္တိုရ် ကျမ်း​တကျမ်း​ ပြီး​စီး​သွား​တဲ့​အတွက် ဧပြီလက သံဖြူဇရပ်မှာ ​ရေစက်ချပွဲ ပြုလုပ်ခဲ့​ပြီး​ပါပြီ။

လက်ရှိ မွန်တိုင်း​ရင်း​သား​ ဗုဒ္ဓဘာသာမှာရှိတဲ့​ မဟာရင်၊​ ​ရွှေကျင်၊​ သုဓမ္မာ ဆိုတဲ့​ သံဃာ့​ ဂိုဏ်း​ကြီး​ ၃ ခုက အထင်ကရဆရာ​တော်ကြီး​ ၆ ပါး​ရဲ့​လမ်း​ညွှန် ဩဝါဒ ​ပေး​ထား​မှုနဲ့​အညီ ဒီဘာသာပြန်တဲ့​ကိစ္စကို ​ဆောင်ရွက်ခဲ့​တာဖြစ်ပြီး​ ၂၀၁၁ ခုနှစ်၊​ ​ဖေ​ဖော်ဝါရီ ၂၅ ရက်​နေ့​မှာ ဘာသာပြန်အဖွဲ့​ကို ဖွဲ့​စည်း​ခဲ့​တယ်လို့​ မိန့်​ကြား​ပါတယ်။

“ဗုဒ္ဓရဲ့​ ပါဠိ ပိဋကတ်​တော်​တွေကို တိုင်း​ရင်း​သား​ ဘာသာထဲက ရှမ်း​သာဘာနဲ့​လည်း​ ပြန်ဆိုထား​ပြီး​ ဖြစ်ပါတယ်။ မွန်ဘာသာနဲ့​က​တော့​ ဒီနှစ်ထဲမှာ သုတ္တန် တကျမ်း​ကို ပြီး​အောင် ဘာသာပြန်မှာပါ။ ပိဋကတ်​တော် ၃ ကျမ်း​အနက် ဒီနှစ်မှာ တကျမ်း​တည်း​သာ တည်း​ဖြတ်ပြီး​စီး​ခဲ့​ပြီး​ ပုံနှိပ်ထုတ်​ဝေခဲ့​ပါတယ်။ အခမဲ့​ထုတ်​ဝေပါတယ်။ ပထမအကြိမ်အ​နေနဲ့​ အုပ်​ရေ ၅၀၀ ပဲထုတ်​ဝေခဲ့​ပါတယ်။ ​နောင်နှစ်မှာ ဒုတိယ တကျမ်း​ကို ဆက်ပုံနှိပ်သွား​မယ်” လို့​ ဆရာ​တော်က မိန့်​ဆိုသွား​တာပါ။

တကယ်တမ်း​ ပိဋကတ်​တော် မွန်ဘာသာပြန်မူဟာ ​ရှေး​နှစ်​ပေါင်း​များ​စွာ ကတတည်း​က ရှိခဲ့​ပါတယ်။ ပုဂံ​ခေတ်​လောက်မှာ စပြီး​စစ်ပွဲ​တွေ​ကြောင့်​ မွန်ပိဋကတ်စာမူ​တွေ ​ပျောက်ပျက်ခဲ့​ရာက အခုအခါ မွန်ဘာသာနဲ့​ ပြန်လည် ပြုစု​ရေး​သား​နေကြတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013