DVB Logo
Home
မြန်မာသတင်း
ကျား​ဖြူပါတီရုံး​သို့​ ရှမ်း​နိုင်ငံ​ရေး​ပါတီနှင့်​ လက်နက်ကိုင်အဖွဲ့​များ​ လည်ပတ်
DVB
·
May 2, 2012
Donate to DVB

၂၀၁၀ ​ရွေး​ကောက်ပွဲက ရှမ်း​ပြည်နယ်မှာ အနိုင်ရခဲ့​တဲ့​ ကျား​ဖြူပါတီလို့​ ​ခေါ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီရုံး​ကို ရှမ်း​နိုင်ငံ​ရေး​အဖွဲ့​နဲ့​ လက်နက်ကိုင်အဖွဲ့​က ပုဂ္ဂိုလ်​တွေ ​မေလ ၂ ရက်​နေ့​ ​နေ့​ခင်း​ပိုင်း​က သွား​ရောက် လည်ပတ်ခဲ့​ပါတယ်။

ရှမ်း​ပြည်​တောင်ပိုင်း​ ​တောင်ကြီး​မြို့​မှာရှိတဲ့​ ကျား​ဖြူပါတီရုံး​ကို ရှမ်း​နိုင်ငံ​ရေး​ပါတီတခုဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​၊​ အတွင်း​ရေး​မှူး​ ဦး​စိုင်း​ညွန့်​လွင်နဲ့​ အဖွဲ့​ဝင်​တွေ​ရော၊​ မကြာ​သေး​ခင်ကမှ အစိုး​ရနဲ့​ အပစ်ခတ်ရပ်​ရေး​ သ​ဘောတူညီမှုရထား​တဲ့​ ရှမ်း​ပြည် တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​က ​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဆေး​ထင်၊​ အပစ်ရပ်ထား​တဲ့​ စိန်​ကျော့​အဖွဲ့​က ဗိုလ်ချုပ် ကိုင်ဖနဲ့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​အဖွဲ့​က ပုဂ္ဂိုလ်​တွေပါ သွား​ရောက် လည်ပတ်ခဲ့​တာပါ။

အထူး​တလည် နိုင်ငံ​ရေး​ဆွေး​နွေး​တာ​တော့​ မရှိပါဘူး​လို့​ ​ပြောပါတယ်။ ဒီလို အာဏာရ နိုင်ငံ​ရေး​ပါတီနဲ့​ လက်နက်ကိုင်အဖွဲ့​တွေ စုံစုံညီညီ ​တွေ့​ဆုံခဲ့​ရတဲ့​ အ​ပေါ်မှာ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က ခုလို​ပြောပါတယ်။

“ထူး​ခြား​ချက်တခုလို့​ ​ပြောလို့​ရတာ​ပေါ့​။ အရင်တုန်း​က​တော့​ လက်နက်ကိုင်အဖွဲ့​အစည်း​ အချင်း​ချင်း​တောင် တပြိုင်တည်း​ ​တွေ့​လေ့​တွေ့​ထ မရှိဘူး​။ တခြား​အဖွဲ့​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ ​တွေ့​ဆုံခွင့်​မရဘူး​။ အခု​တော့​ လွတ်လွတ်လပ်လပ် ​တွေ့​ခွင့်​ရပြီး​တော့​ ကျ​နော်တို့​နောက်ကို လိုက်ပြီး​တော့​ သတင်း​ယူတာမျိုး​၊​ ဓာတ်ပုံရိုက်တာမျိုး​ မရှိတာက ထူး​ခြား​ချက် တခု​ပေါ့​။”

ဒီ နိုင်ငံ​ရေး​နဲ့​လက်နက်ကိုင်အဖွဲ့​က ပုဂ္ဂိုလ်​တွေဟာ ဒီက​နေ့​ မနက်ပိုင်း​က နဂါး​ဗွက်​ကျောင်း​မှာ ပြုလုပ်ခဲ့​တဲ့​ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့​က ဦး​မြင့်​သန်း​ ကွယ်လွန်ခြင်း​ ၆ နှစ်ပြည့်​ အခမ်း​အနား​ကိုလည်း​ တက်​ရောက်ခဲ့​တယ်လို့​ ဦး​စိုင်း​လိတ်က ဆက်​ပြောပါတယ်။

ဦး​မြင့်​သန်း​ဟာ ရှမ်း​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​၊​ ဦး​စိုင်း​ညွန့်​လွင်တို့​နဲ့​ အတူ ၂၀၀၅ ခုနှစ်က နိုင်ငံ​ရေး​မှုနဲ့​ အဖမ်း​ဆိး​ခံခဲ့​ရပြီး​ ရခိုင်ပြည်နယ် သံတွဲ​ထောင်မှာ နှစ်ရှည်​ထောင်ဒဏ်ကျခံရင်း​ ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွား​ခဲ့​တာပါ။

ဦး​မြင့်​သန်း​ကို ရည်စူး​ပြီး​ ဆွမ်း​ဆက်ကပ်တဲ့​ အခမ်း​အနား​ကို ရှမ်း​နိုင်ငံ​ရေး​ပါတီ၊​ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့​၊​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​က ပုဂ္ဂိုလ်​တွေ​ရော၊​ ၈၈ မျိုး​ဆက်သစ် ​ကျောင်း​သား​အဖွဲ့​တွေပါ လူ​ပေါင်း​ ၂၀၀ ​လောက် တက်​ရောက်ခဲ့​တယ်။

ရှမ်း​ နိုင်ငံ​ရေး​နဲ့​ အပစ်ရပ်အဖွဲ့​က တာဝန်ရှိသူ​တွေ၊​ အစိုး​ရမဟုတ်တဲ့​ အဖွဲ့​အစည်း​တွေဟာ မနက်ဖန်ကျရင် ရှမ်း​ပြည်​ရောက်​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ ရှိပါတယ်။

ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်​တွေနဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​လူငယ်အဖွဲ့​ဟာ မကြာခင် ရန်ကုန်မြို့​မှာ သီး​သန့်​ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ရှိတယ်လို့​ ပါတီ​ပြောခွင့်​ရသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013