DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကုမ္ပဏီများ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းဝတ်စုံ မ၀တ်ရန် ပြည်ထဲရေး တားမြစ်
DVB
·
January 17, 2018
လုံခြုံရေးကုမ္ပဏီများ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းဝတ်စုံ မ၀တ်ရန် ပြည်ထဲရေး တားမြစ်
Donate to DVB

 

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအနေနဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ ဝတ်ဆင် အသုံးပြုတဲ့ ဝတ်စုံတွေ၊ အဲ့ဒီဝတ်စုံတွေနဲ့ သဏ္ဌာန်တူတဲ့ ဝတ်စုံတွေ မ၀တ်ကြဖို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဝတ်ဆင်ထားတာတွေ့ရင်  တရားဥပဒေအရ အရေးယူမယ်လို့လည်း ပြည်ထဲရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထဲရေးကြေညာချက်မှာ နိုင်ငံတော်အတွင်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ၊ အသင်း အဖွဲ့တွေဟာ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဌာန် ယူနီဖောင်းတွေ ဝတ်ဆင် အသုံးပြုနေကြောင်း  သိရတယ်။

လက်ရှိ ကျင့်သုံးလျက်ရှိတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ အရ ပြည်သူ့ဝန်ထမ်း မဟုတ်သူ တဦးဦးဟာ ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သူတစ်ပါး ယုံကြည်စေရန် ရည်ရွယ်လို့ဖြစ်စေ၊၊ ယုံကြည်စေမှာကို  သိလျှက်နဲ့ဖြစ်စေ ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်၊ ကိုင်ဆောင်တဲ့ အဝတ် တန်ဆာ၊ အမှတ်အသားနဲ့ သဏ္ဌာန်တူတဲ့ အဝတ်တန်ဆာ၊ အမှတ်အသားတို့ကို ဝတ်ဆင်လျှင် သို့မဟုတ် ကိုင်ဆောင်လျှင် သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းထိ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားတယ်လို့ ဖော်ပြပါရှိပါတယ်။

ဆက်လက်ပြီး “ထို့အပြင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) အရ မည်သူမဆို ပိတ်ပင်တားမြစ်ထားသည့်နေရာသို့ ဝင်ရောက်ခွင့်ရလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဝင်ရောက်ခွင့် ရအောင် သူတစ်ပါးအား ကူညီလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လိုသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ဥပဒေနှင့်အညီခွင့်ပြုချက်မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြား အရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်သည့် ဝတ်စုံကိုဖြစ်စေ၊ အဆိုပါ ဝတ်စုံနှင့် ပုံသဏ္ဌာန်တူသော ဝတ်စုံကိုဖြစ်စေ အသုံးပြုလျှင်၊ ဝတ်ဆင်လျှင် သို့မဟုတ် အဆိုပါဝတ်စုံအား အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့်ရှိသည်ဟု မမှန် မကန်ပြောဆိုလျှင် ပုဒ်မ ၆၊ ပုဒ်မခွဲ (၃) အရ နှစ် နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထား ရှိသည်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မကြာသေးခင်က ၀န်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းကို သေနတ်တွေနဲ့ ဖမ်းမိရာမှာ သေနတ်တွေနဲ့အတူ လုံခြုံရေးဝတ်စုံတွေကိုပါ သိမ်းဆည်းရမိခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013