DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် လီဆူရိုးရာ (ခေါ့ရှိ)နှစ်သစ်ကူးပွဲတော်ကျင်းပ
DVB
·
January 17, 2018
ပူတာအိုတွင် လီဆူရိုးရာ (ခေါ့ရှိ)နှစ်သစ်ကူးပွဲတော်ကျင်းပ
1 / 9
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ လီဆူရိုးရာ (ခေါ့ရှိ)နှစ်သစ်ကူးပွဲတော်နဲ့ ပူတာအို လီဆူစာပေနှ င့်ယဉ်ကျေးမှု ကော်မတီရဲ့ နှစ် ၆၀ ပြည့်ပွဲတော် ကျင်းပနေပါတယ်။

ပူတာအိုမြို့ လီဆူရိုးရာကွင်းမှာ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဦးစီးပြီး ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ပွဲတော် ကျင်းပနေတာဖြစ်ပါတယ်။

ပွဲတော်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးတို့ကတက်ရောက် ဖွင့်လှစ်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က တိုင်းရင်းသားအချင်းချင်း လက်နက်နဲ့ မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲမှာသာ မိမိတို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးညှိနှိုင်းဖို့၊ ရရှိလာတဲ့ အချက်တွေကို ဘုံသဘောတူညီချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ဖိုတိုက်တွန်း ပြောကြားခဲ့ပါတယ်။

လီဆူပွဲတော်ကွင်းရရှိဖို့ အချိန် ၆ လ ကြာမြင့်ခဲ့တာကြောင့် ပွဲတော်ကျင်းပဖို့အချိန် ၂ လနဲ့သာရပြီး လိုအပ်ချက်တွေ ရှိပါကြောင်း၊ အခု လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က မိတ်ဆွေတွေဟာ တကယ့်မေတ္တာနဲ့သာ လာရောက်ကြကြောင်း၊ လမ်းခရီး အခက်အခဲတွေ အများကြီး ဖြတ်ကျော်လာကြတဲ့အတွက် ရွှေထက်ပင် တန်ဖိုးထား လေးစားပါကြောင်း လီဆူ တိုင်းရင်းသားရေးရာဝန်ကြီးက ပြောပါတယ်။

လီဆူ နှစ်သစ်ကူးပွဲတော်မှာ မြန်မာနိုင်ငံ လီဆူအနုပညာရှင်တွေက ငြိမ်းချမ်းရေး သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး တရုတ်နိုင်ငံနဲ့  မြန်မာပြည်အရပ်ရပ်မှ လီဆူလူမျိုး တသောင်းကျော်နဲ့ ပြည်တွင်းမီဒီယာ၊ တိုင်းရင်းသားချန်နယ်၊ ရုပ်သံဌာန၊ သတင်းဌာနတွေအပြင် ပြည်ပမီဒီယာတွေပါ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013