DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက်​ဆွေး​နွေး​ပွဲ
DVB
·
May 3, 2012
ငြိမ်း​ချမ်း​ရေး​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက်​ဆွေး​နွေး​ပွဲ
Donate to DVB

ကိုမင်း​ကိုနိုင် ​ခေါင်း​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ​တောင်ကြီး​မြို့​ခံလူထုနဲ့​ ​တွေ့​ဆုံပြီး​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ ထူ​ထောင်လှုပ်ရှား​ကြဖို့​ တိုက်တွန်း​ပါတယ်။

ကိုမင်း​ကိုနိုင်က “အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေ အား​ကောင်း​ဖို့​ ဘာ​ကြောင့်​လိုသလဲဆို​တော့​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ အား​မ​ကောင်း​ရင် လက်နက်ကိုင် အဖွဲ့​အစည်း​ကပဲ အား​ကောင်း​ပါလိမ့်​မယ်။ လက်နက်ကိုင် အဖွဲ့​အစည်း​ ဆိုတာက​တော့​ လက်နက်ကို အား​ကိုး​တာ​ပေါ့​။ ဒါက​တော့​ ရှင်း​ပါတယ်။ အဲဒီ​တော့​ ​တောရိုင်း​ဥပ​ဒေလို နိုင်ရာစား​ အား​ကြီး​တဲ့​သူက အား​ငယ်တဲ့​သူကို ဗိုလ်ကျအနိုင်ကျင့်​တဲ့​ ​တောရိုင်း​ဥပ​ဒေလို မဖြစ်ရ​အောင် ကျ​နော်တို့​ အရပ်သား​တွေက ညီညွတ်ဖို့​၊​ ​ကျောချင်း​ကပ်ထား​ဖို့​၊​ လက်ချင်း​ချိတ်ထား​ဖို့​၊​ ဒါကိုပဲ စကား​လုံး​အ​နေနဲ့​ပြော​တော့​ အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေ အား​ကောင်း​ဖို့​လို့​ ​ပြောကြတာပါ။”

၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ လွှတ်​တော်ပြင်ပနိုင်ငံ​ရေး​ကို လုပ်​ဆောင်ဖို့​ ​ရွေး​ချယ်ခဲ့​တယ်လို့​လည်း​ သူက ​ပြောဆိုရှင်း​လင်း​ပါတယ်။

“ကျ​တော်တို့​တ​တွေ ​နောက်ဆုံး​ ​ထောင်ကလွတ်တဲ့​အချိန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အန်အယ်လ်ဒီက လွှတ်​တော်တွင်း​ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ဆုံး​ဖြတ်ပြီး​ချိန် ဖြစ်ပါတယ်။ အဲဒီလို လွှတ်​တော်တွင်း​မှာ ဥပ​ဒေပြု​ရေး​အာဏာအတွက် ဥပ​ဒေပြု​ရေး​ ကြိုး​စား​ကြမယ်ဆိုတဲ့​ အင်အား​စု​တွေ အား​မွေး​နေတဲ့​အချိန်မှာ လွှတ်​တော် အပြင်မှာရှိတဲ့​ သာမန်ပြည်သူ​တွေနဲ့​ အတူ​နေပြီး​တော့​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ကို လုပ်ဖို့​ အင်အား​စုတရပ် မဖြစ်မ​နေ လိုအပ်တယ်လို့​ ယူဆတဲ့​အတွက် လွှတ်​တော်ပြင်ပနိုင်ငံ​ရေး​ကို လုပ်​ဆောင်ဖို့​ ဆုံး​ဖြတ်ခဲ့​တာဖြစ်တယ်။

“ပြည်သူလူထုနဲ့​အတူ​နေ ပြည်သူလူထုနဲ့​ အတူ​ပြောဆို၊​ ပြည်သူလူထုရဲ့​ အသံကိုနား​ထောင်၊​ ပြည်သူလူထုနဲ့​အတူ အခွင့်​အ​ရေး​တွေ ​တောင်း​ဆိုတဲ့​ နိုင်ငံ​ရေး​နည်း​လမ်း​ဖြစ်တဲ့​ အရပ်ဖက်လူ့​အဖွဲ့​အစည်း​မှာ ​နေမယ်လို့​ ဆုံး​ဖြတ်တာပါ။”

ဒီမနက် ဆယ်နာရီခန့်​က ​တောင်ကြီး​မြို့​ ရှမ်း​စာ​ပေနဲ့​ယဉ်​ကျေး​မှုအသင်း​ပိုင် မင်္ဂလာခန်း​မမှာ ကျင်း​ပတဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ ​ဆွေး​နွေး​ပွဲမှာ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​နဲ့​ ကိုမင်း​ဇေယျာတို့​က ​ဟော​ပြောခဲ့​ကြပြီး​ တက်​ရောက်လာသူ​တွေနဲ့​ အပြန်အလှန် ​မေး​မြန်း​ဆွေး​နွေး​ကြပါတယ်။

တောင်ကြီး​မြို့​ခံလူထုက ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေကို အခမ်း​အနား​ မစတင်ခင်မှာ နှင်း​ဆီနီတပွင့်​ဆီ လက်​ဆောင်​ပေး​ခဲ့​ကြပါတယ်။

အဲဒီနှင်း​ဆီပန်း​တွေကို ကိုယ်စီကိုင်ထား​တဲ့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ၂၀ ခန့်​ဟာ စင်မြင့်​ပေါ်ကို တက်​ရောက်ပြီး​ အကျဉ်း​ထောင်တွင်း​ ​သေဆုံး​ခဲ့​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် ဆု​တောင်း​ပြီး​ အသင့်​ချထား​တဲ့​ အနက်​ရောင်ပိတ်စ​ပေါ်မှာ တင်ခဲ့​ကြတယ်လို့​ အခမ်း​အနား​ တက်​ရောက်​နေသူတဦး​က ​ပြောပါတယ်။

နေ့​ခင်း​ပိုင်း​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ရှမ်း​အပစ်ရပ်အဖွဲ့​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ အစိုး​ရမဟုတ်တဲ့​အဖွဲ့​တွေ၊​ ပရဟိတအသင်း​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။

၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ငြိမ်း​ချမ်း​ရေး​ ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ မိတ်ဆက် ​ဆွေး​နွေး​ပွဲ​တွေကို ဧရာဝတီတိုင်း​၊​ စစ်ကိုင်း​တိုင်း​၊​ မ​ကွေး​တိုင်း​၊​ ကယား​ပြည်နယ်၊​ ကချင်ပြည်နယ်​တွေကို သွား​ရောက်​ဆွေး​နွေး​ခဲ့​သလို အခု ရှမ်း​ပြည်နယ်ကို ​ရောက်ရှိ​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013