DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေး အသုံးစရိတ်ကျပ် ၂ ဘီလီယံ ကျော်တောင်းခံ
DVB
·
January 17, 2018
ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေး အသုံးစရိတ်ကျပ် ၂ ဘီလီယံ ကျော်တောင်းခံ
Donate to DVB

 

ကာကွယ်ရေးဝန်ကြီးဌာနက ၆လတာကာလအတွက် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်ငွေ ၂ ဘီလီယံကျော် လွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။

ဇန်နဝါရီ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်း စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အခုလို ထည့်သွင်းပြောဆိုတာပါ။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ၃၁ ဒသမ ၇၆၁ ဘီလီယံ၊ သာမန်အသုံးစရိတ်မှာ ၇၂၃ ဒသမ ၁၀၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ်မှာ ၆၁၁ ဒသမ ၀၈၇ ဘီလီယံဖြစ်လို့ ရငွေစုစုပေါင်းမှာ ၃၁ ဒသမ ၇၆၁ ဘီလီယံ၊ သုံးငွေစုစုပေါင်း ၁၃၃၄ ဒသမ ၁၉၄ ဘီလီယံဖြစ်တယ်လို့ ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလီယံထဲကနေ အခုလို စစ်ဆင်ရေးအတွက် အသုံးစရိတ် လျာထား တင်ပြတောင်းခံတာပါ။

ဗိုလ်ချုပ်မြင့်နွယ်က “သာမန်အသုံးစရိတ်မှာ လစာစရိတ်များ ၃၇၂ ဒသမ ၂၃၉ ဘီလီယံ၊ ပစ္စည်းများ ၁၇၁ ဒသမ ၁၇၄ ဘီလီယံ၊ ပို့ဆောင်ရေး ၁၀ ဒသမ ၀၆၆ ဘီလီယံ၊ အင်ဂျင်နီယာ ၂၈ ဒသမ ၀၃၅ ဘီလီယံ၊ အထွေထွေ ၇၃ ဒသမ ၅၉၁ ဘီလီယံ၊ စစ်ဆင်ရေး ၂ ဒသမ ၁၀၇ ဘီလီယံ၊ စက်ရုံ အလုပ်ရုံများ ၆၃ ဒသမ ၀၈၄ ဘီလီယံ၊ အတိုး ၂ ဒသမ ၈၁၁ ဘီလီယံ၊ သာမန် အသုံးစရိတ် စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလီယံ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” လို့ ဆိုပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း ၆၁၁ ဒသမ ၀၈၇ ဘီလီယံမှာ ဆောက်လုပ်ရေးလုပ်ငန်း အသုံးစရိတ် ၁၀၅ ဒသမ ၅၃၉ ဘီလီယံ၊ စက်ပစ္စည်း အသုံးစရိတ် ၅၀၅ ဒသမ ၁၄၈ ဘီလီယံနဲ့ အခြား အသုံးစရိတ် သုည ဒသမ ၄၀၀ ဘီလီယံ၊ စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁ ဒသမ ၀၈၇ ဘီလီယံ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လ ပတ်အတွက် ၆၂၅ ဒသမ ၄၄၀ ဘီလီယံ တောင်းခံထားပြီး ၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလ ထိ ၆၁၁ ဒသမ ၀၈၇ ဘီလီယံ တောင်းခံထားပါတယ်။

ဒီလို တောင်းခံထားပေမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်ထက် ၁၄ ဒသမ ၃၅၃ ဘီလီယံ လျော့နည်းတောင်းခံထားတယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013