DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 16, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၃၈,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၆၈,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၃၃၀ ကျပ်ကနေ ၁,၃၇၀ ကျပ် ရှိပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၇၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၂,၂၆၅ ကျပ် ရှိပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၉၆၀ ကျပ်ကနေ ငွေကျပ် ၂.၁၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (တောင်ကြီး၊ အောင်ပန်း) က ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၄၀၀ ကျပ်ကနေ ငွေကျပ် ၂,၆၅၀ ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၇၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂၅၀ ကျပ်ကနေ ၉၃၀ ကျပ်ရှိပါတယ်။

ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ ကျပ်က ၁ တန်ကို ငွေကျပ် ၂၈၄,၂၀၀ ကနေ ၄၂၆,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၄၀,၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ကြက်သွန်ဖြူ (အောင်ပန်း၊ တောင်ကြီး)ကတော့ ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ရှိပြီး လအတန်ကြာ ဈေးငြိမ်နေပေမယ့် ကြက်သွန်အသစ်တွေ ပေါ်လာတဲ့အတွက် ဇန်နဝါရီလ ဒုတိယအပတ်ကနေ စပြီး ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ၃ ရက်အတွင်း ၁ ပိဿာကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နောက်ထပ် သီးနှံတခုကတော့ ဖရဲသီး ၈၅၅ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ကို ဖရဲသီးကားတွေ အဝင်များနေတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်ပါတယ်။

လာမယ့်လမှာ တရုတ်နှစ်ကူးပွဲတော်ရက် ရှိတဲ့အတွက် တရုတ် အဝယ်ဒိုင်တွေ ဖရဲသီးကို ကြိုတင်ဝယ်စုနေပေမယ့် ရောင်းလိုအားက များတဲ့အတွက် အတက် အကျက အပြောင်းအလဲ မြန်နေတယ်လို့ သိရပါတယ်။ နှစ်သစ်ကူး နီးလာတာနဲ့အမျှ ဖရဲသီးဈေးတွေ တက်နိုင်ခြေ ရှိတယ်လို့ ဖရဲသီးကုန်သည်တွေက သုံးသပ်ထားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013