DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့စီးပွားရေးခန့်မှန်းသလောက် မတိုးတက်ဟု စီမံ/ဘဏ္ဍာဝန်ကြီးဝန်ခံ
DVB
·
January 16, 2018
နိုင်ငံ့စီးပွားရေးခန့်မှန်းသလောက် မတိုးတက်ဟု စီမံ/ဘဏ္ဍာဝန်ကြီးဝန်ခံ
Donate to DVB

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂နှစ်စလုံးမှာ ခန့်မှန်းသလောက် မတိုးတက်ခဲ့ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဝန်ခံ ပြောကြားလိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၆ လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းတင်သွင်းရာမှာ ပြောဆိုခဲ့တာပါ။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ဖြစ်ဖို့ မှန်းခဲ့ပေမယ့် ၅ ဒသမ ၉ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တယ်၊ ၂၀၁၇-၁၈ မှာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်း ခန့်မှန်းပေမယ့် ပထမ ခြောက်လမှာ ၆ ဒသမ ၃ ပဲ ရှိတယ်လို့ ဆိုပါတယ်။

ပထမနှစ်က ခန့်မှန်းတာထက် လျော့တာဟာ ဒေသတချို့ ရေကြီးခဲ့တာ၊ အယ်လ်နီညိုကြောင့် သီးနှံတချို့ စိုက်ပျိုးချိန်နောက်ကျပြီး အထွက်လျော့တာ၊ ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်တန့်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒုတိယနှစ်မှာတော့ စီးပွားရေးဘာကြောင့်လျော့ကျတယ်ဆိုတာကိုတော့ ပြောကြားခြင်းမရှိပါဘူး။

ဒါပေမယ့် ဘဏ္ဍာနှစ်ကုန်ချိန်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရှိဖို့ ခန့်မှန်းထားတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

လက်ရှိမှာဘဏ္ဍာရေးနှစ်ကာလသတ်မှတ်ချက်ကို အောက်တိုဘာလကနေ စက်တင်ဘာလ အထိလို့ ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် အခုကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလအထိ ခြောက်လစာ ဘတ်ဂျက်နဲ့ စီမံကိန်းတွေကို ဆွေးနွေးနေကြတာပါ။

စီမံကိန်း ဥပဒေကြမ်းအရ ၂၀၁၈ ဧပြီကနေ စက်တင်ဘာအထိ ပြည်ထောင်စုရဲ့ စုစုပေါင်းရငွေက ၈၄၉၂ ဘီလီယံ (ကျပ်သန်းပေါင်း ရှစ်သန်းလေးထောင်ကျော်) ဖြစ်ပြီး သုံးငွေက ၁၀၆၇၈ ဘီလီယံ ဖြစ်တာကြောင့် လိုငွေ ၂၁၈၆ ဘီလီယံ (ကျပ်သန်းပေါင်း နှစ်ထောင်ကျော်) ဖြစ်တယ်လို့ လျာထားပါတယ်။

လက်ရှိဘဏ္ဍာနှစ် တနှစ်လုံးရဲ့ လိုငွေဟာ ဘီလီယံ လေးထောင်လောက်ရှိခဲ့ပြီး လာမယ့် ဘဏ္ဍာနှစ်ရဲ့ ကာလဝက်မှာတော့ လိုငွေ ဘီလီယံနှစ်ထောင်ကျော်ဖြစ်နေတာကို တွေ့ရပါတယ်။

ပြီးတော့ လာမယ့် ဘဏ္ဍာနှစ်ရဲ့ ကာလဝက် အခွန်ရငွေက ၂၇၉၂ ဘီလီယံလို့ ခန့်မှန်းထားပြီး လက်ရှိဘဏ္ဍာနှစ်မှာ ဘီလီယံ ၆ ထောင်ရခဲ့တာကြောင့် လျော့နည်းနေ တာကိုလည်း တွေ့ရပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံရေးတိုးတက်မှုဟာ ထင်တာထက် မြန်ဆန်တယ်လို့ ဇန်န၀ါရီ ၉ရက်က ကျင်းပတဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာပြောကြားထားပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013