DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားများတွင် ကတ်ဖြင့် ငွေပေးချေမှုစနစ် စတင်ကျင့်သုံးမည်
DVB
·
January 16, 2018
YBS ဘတ်စ်ကားများတွင် ကတ်ဖြင့် ငွေပေးချေမှုစနစ် စတင်ကျင့်သုံးမည်
1 / 4
Donate to DVB

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBSဘတ်စ်ကားတွေကို ၂၀၁၈ ခုနှစ်အတွင်း ကတ်နဲ့ ငွေပေးချေမှုစနစ်ကျင့်သုံးမှာဖြစ်တယ်လို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) နှင့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS) တစ်နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ SKY STARဟိုတယ်မှာ ဒီကနေ့  ပြုလုပ်ရာမှာ ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။

ဒီစနစ်ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စနစ်တွေထဲကမှ နောက်ဆုံး အဆင့်မြင့်စနစ် ဖြစ်တယ်၊ YBS ကားတွေမှာ ငွေပေးချေဖို့လုပ်တဲ့ ငွေပေးကတ်တွေကို ဘဏ်တိုင်းနဲ့ ချိတ်ဆက်ပေးချေလို့ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

အဲဒီကတ်စနစ်ဟာ ဘဏ်စနစ်ကို လူထုကြား လက်လှမ်းမီစေဖို့ လုပ်ဆောင်တာဖြစ်ပြီး အဲဒီကတ်တွေကတဆင့် ငွေပေးချေတာတွေ လုပ်နိုင်အောင်လည်း စီစဉ်ထားတယ်လို့သူက ဆိုပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ YBS ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ YANGON WATER BUS က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

YBS ဘတ်စ်ကားတွေမှာ ကတ်သုံး ငွေပေးချေမှုစနစ် အသုံးပြုဖို့  Yangon Payment Services (YPS) ကို ရန်ကုန်တိုင်းအစိုးရက တင်ဒါခေါ်ယူခဲ့ရာမှာ   Excel KC Myanmar ကုမ္ပဏီက တင်ဒါအောင်မြင်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - စိုးမိုးအောင်၊ ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013