DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနှောက်သွေးကြောပြတ် ကွယ်လွန်
DVB
·
January 16, 2018
မန္တလေးတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနှောက်သွေးကြောပြတ် ကွယ်လွန်
Donate to DVB

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေရာဝန်ကြီး ဦးစိုင်းကျော်ဇော ဟာ ဒီကနေ့မနက်က ဦးနှောက်သွေးကြောပြတ်ပြီး မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွား ခဲ့ပါတယ်။

ရှမ်းဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃ ရက်နေ့က တာဝန်ထမ်းဆောင်နေတုန်း ရုတ်တရက် မူးမေ့ လဲကျသွားပြီး ဆေးရုံကို အရေးပေါ်တင်လိုက်ရကာ သေဆုံးသည်အထိ သတိပြန်မလည် တော့ဘူးလို့  မန္တလေးရှမ်းစာပေ နဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“၀န်ကြီးက လွန်ခဲ့တဲ့ဆယ်ရက်ကျော်က ရုတ်တရက်ဦးနှောသွေးကြောပြတ်ပြီး သတိမေ့ လဲကျသွားတယ်။ ဆေးရုံမှာ ချက်ချင်းခွဲစိပ်ကုသပေမယ့် သေဆုံးတဲ့အထိ သတိပြန်မလည်တော့ ဘူးလို့သိရတယ်ခင်ဗျ။ မနေ့ည သန်းခေါင်ကျော်ကျော် ဒီမနက်အကူးမှာ ဆုံးသွားပါတယ်။ အလောင်းကို အခုကျနော်တို့ မန္တလေး ရှမ်းသာရေးနာရေးအသင်းတိုက်မှာထားပြီး ဒီနေ့ညနေ ၃ နာရီ တောင်အင်းမြောက်အင်းသုဿာန်မှာ သင်္ဂြိုဟ်မှာပါခင်ဗျ။”

ဦးစိုင်းကျော်ဇောဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ရှမ်းတိုင်းရေးရာဝင်ကြီး အဖြစ် ၀င်ရောက်အရွေးချယ်ခံကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  

သူကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဆုံးသွားတဲ့အပေါ်မှာတော့ အများကြီးစိတ်မကောင်းဘူး။ သူက ပြည်သူလူထုနဲ့အမြဲတမ်း နီးနီးကပ်ကပ်ဆက်ဆံရေးရှိတယ်။ ရှမ်းပြည်မြောက်ပိုင်း စစ်ပြေး ဒုက္ခသည်ကူညီရေးမှာ အားကြိုးမာန်တက်လုပ်ခဲ့ပါတယ်။ ဗုံးဒဏ်ထိတဲ့လူနာတွေ မန္တလေးဆေးရုံ ရောက်လာရင် ဆေးရုံထိလိုက်သွားပြီး ကြည့်ရှုအားပေးတယ်။ ပြင်ဦးလွင်မြို့နယ်ထဲက တိုင်းရင်းသားတွေ နိုင်ငံသားမှတ်ပုံတင်ရရေးတွေလည်း လုပ်ဆောင်ပေးခဲ့တယ်။ စွမ်းဆောင်ရည် ကောင်းတော့ အလွန်နှမျောပါတယ်ရှင့်။”

 ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောဟာ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေမယ့် သူဟာ ရှမ်းစာနဲ့ ရှမ်းစကားမပြောတတ်တော့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုရေးရာ တွေမှာ ထိရောက်စွာဆောင်ရွက်ပေးဖို့ အားနည်းခဲ့တယ်လို့  ဦးစိုင်းဝင်းလှိုင်က ပြောပါ တယ်။

ဦးစိုင်းကျော်ဇောဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဇနီးသည် ဒေါ်စိုးမမ ကျန်ရစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013