DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ခရီးသည်တင်မှန်လုံကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၂ ဦး သေဆုံး
DVB
·
January 16, 2018
တနင်္သာရီတွင် ခရီးသည်တင်မှန်လုံကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၂ ဦး သေဆုံး
Donate to DVB

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာနဲ့ ချောင်းနှစ်ပေါက် ကျေးရွာကြားမှာ ဇန်နဝါရီ ၁၅ ရက်က ခရီးသည်တင် မှန်လုံကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့လို့ လူ ၂ ဦးသေဆုံးသွားပါတယ်။

တနင်္သာရီမြို့နယ်မှ မောတောင်မြို့ကို ယာဉ်မောင်း ကိုကျော်စွာစိုး မောင်းနှင်တဲ့ Hiace အမျိုးအစား ခရီးသည်တင် မှန်လုံကားနဲ့ ကိုတင်ကို မောင်းနှင်ပြီး နောက်မှာ ကိုဝင်းစိုး လိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မိုင်တိုင်အမှတ် (၁၆/၄) အရောက်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီရဲစခန်းက တာဝန်ရှိသူတဦးက“ကျော်စွာစိုး မောင်းနှင်တဲ့ ကလိုဆေး ယာဉ်လိုင်းက Hiace ခရီးသည်တင်ကားနဲ့ တင်ကိုမောင်းပြီး နောက်မှာ ဝင်းစိုး လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်တာပါ။ ယာဉ်တိုက်မှုကြောင့် တင်ကိုမှာ နှာခေါင်းသွေးယို၊ အောက်မေးရိုး၊ နှာခေါင်းရိုး၊ လည်ပင်းရိုးကျိုး ဒဏ်ရာရပြီး ဝင်းစိုးမှာတော့ ဇက်ရိုးကျိုး၊ ညာဘက်ပေါင်ကျိုးပြီး နှစ်ယောက်စလုံး အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွားတယ်။ ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာ အသေးစိတ် စစ်ဆေးနေတုန်းပဲ” လို့ ပြောပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်စွာစိုးနဲ့ တင်ကို(သေဆုံး)တို့ နှစ်ဦးကို တနင်္သာရီ မြို့မရဲစခန်းက ယာဉ်(ပ) ၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013