DVB Logo
Home
မြန်မာသတင်း
ပြန်လည်စတင် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၆ ခု ဆွေးနွေးမည်
DVB
·
January 15, 2018
ပြန်လည်စတင် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၆ ခု ဆွေးနွေးမည်
Donate to DVB

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ ပြန်လည်စတင်ကျင်းပနေရာမှာ အသင့်ဖြစ်နေတဲ့ မေးခွန်း ၁၇၀ ကျော်နဲ့ ဆွေးနွေးစရာ ဥပဒေကြမ်း ၂၆ ခု ဆွေးနွေးဖို့ရှိနေရှိတယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ၇ ကြိမ်မြောက် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး နုတ်ဆက်စကားမှာ ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့တာပါ။

“ဒီနေ့ စတင်ကျင်းပတဲ့ သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ ၂၆ ခု ရှိပါတယ်။ မေးခွန်းများအနေနဲ့ ဆဋ္ဌမ ပုံမှန်အစည်းအဝေးက သတ္တမပုံမှန်အစည်းအဝေးကို ပြောင်းရွှေ့မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခုအပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း ၁၇၂ ခုရှိကြောင်း အသိပေးတင်ပြပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဆို ၈ ခုလည်း တင်သွင်းဖို့ ရှိနေတယ်လို့ ပြောပါတယ်။ အစည်းအဝေးရပ်နားထားတဲ့ ကာလအတွင်း ကွယ်လွန်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013