DVB Logo
Home
မြန်မာသတင်း
ကချင် ၃ ပါတီဖျက်သိမ်းပြီး တစ်ပါတီတည်းအဖြစ် ပူးပေါင်းရန် သဘောတူ
DVB
·
January 15, 2018
ကချင် ၃ ပါတီဖျက်သိမ်းပြီး တစ်ပါတီတည်းအဖြစ် ပူးပေါင်းရန် သဘောတူ
Donate to DVB

 

ကချင်နိုင်ငံရေးပါတီ ၃ပါတီက  သက်ဆိုင်ရာပါတီတွေကိုအသီးသီး ဖျက်သိမ်းပြီး တစ်ပါတီတည်းအဖြစ်ပူးပေါင်းဖို့ သဘောတူညီခဲ့ကြပါတယ်။

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ KPCC နဲ့ သက်ဆိုင်ရာပါတီ ဗဟိုကော်မတီဝင်တွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ ၀ိုင်အမ်စီအေခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီမှုရခဲ့ကြတာပါ။

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) တွဲဘက်အတွင်ရေးမှူး ဦးဂျော်ဆန်းနော်က “ကချင်နိုင်ငံရေးပါတီတွေ ပူးပေါင်းနိုင်ဖို့အတွက် ကြိုးစားလာတာတော့ ကြာပါပြီ။ ၂၀၁၆ ခုနှစ်ကတည်းက၊ လေးပါတီပေါ့။ KDP ရယ် KSDP/ KNCD/ LNUDP ပါတီ။ ပါတီပူးပေါင်းေ ဆာင်ရွက်ရေးကို တဖြည်းဖြည်းတိုးမြှင့်ရင်းနဲ့ ၂၀၁၈ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာတော့ တပါ တီတည်းပူးပေါင်းရေးလက်ခံတဲ့သူတွေက ပေါင်းစည်းရေးလမ်းကြောင်းကို ဆက်သွားမယ် ဆိုပြီးတော့ အစည်းဝေးလုပ်တယ်။ ဆိုတော့ကာ လေးပါတီထဲက ၃ ပါတီက တပါတီတည်း အဖြစ် ပေါင်းစည်းဖို့ မူအားဖြင့်လက်ခံတဲ့အပိုင်းပါ။”လို့ဒီဗွီဘီကိုပြောပါတယ်။

တစ်ပါတီတည်းအဖြစ်ပူးပေါင်းဖို့ သဘောတူခဲ့တဲ့ပါတီတွေကတော့ ဦးအောင်ခမ်း ဦးဆောင်တဲ့   KDP ကချင်ဒီမိုကရက်တစ်ပါတီ၊ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့  KSDP ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ဒေါက်တာကော်န်လ ဦးဆောင်တဲ့ KNCD ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်ပါတီတို့ဖြစ်ကြပြီး  လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကချင်ပါတီသစ် အမည်၊ အလံ၊ သင်္ကေတ စတာတွေ ရွေးချယ်သွားဖို့ရှိပါတယ်။

LNUDP လောဝေါ်အမျိုးသားစည်းလုံး ညီညွတ်ရေး ပါတီကတော့ အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပေမယ့် တစ်ပါတီတည်း ဖြစ်ဖို့ကတော့ သူတို့အနေနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်နိုင် သေးဘူးလို့ ပြောပါတယ်။

ကချင်တစ်ပါတီတည်းအဖြစ်ပူးပေါင်းဖို့ သဘောတူလိုက်တာဟာ ကချင်ပြည်သူလူထုတွေ ဖြစ်စေလိုတဲ့ဆန္ဒအတိုင်း အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး မတူကွဲပြားတဲ့ လူမျိုးစုချင်း စည်းလုံးညီညွတ်အောင်၊ ကချင်နိုင်ငံရေးပါတီ ပိုမို ကျစ်လျစ်ခိုင်မာအောင်၊ ကျယ်ပြန့်လာအောင်၊ အားကောင်းလာအောင် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဦးဂျော်ဆန်းနော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013