DVB Logo
Home
မြန်မာသတင်း
အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးလာရန် ကူညီပံ့ပိုးပေးမည်
DVB
·
January 15, 2018
အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးလာရန် ကူညီပံ့ပိုးပေးမည်
1 / 4
Donate to DVB

 

အသေးစားအလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ SME အေဂျင်စီတွေဖွဲ့စည်းကာ ကူညီပံ့ပိုးပေးမယ်လို့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ခန်းမမှာ မနေ့က ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဝမ်းတွင်းမြို့နယ်လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က ပြောပါတယ်။

“‎အသေစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ဗဟိုအဖွဲ့ရှိပါမယ်။ ကျနော်ဦးဆောင်တဲ့ တိုင်းဒေသကြီးအဖွဲ့ ရှိပါမယ်။ SME အေဂျင်စီတွေ ဖွဲ့စည်းသွားပါမယ်။ ကျနော်တို့အနေနဲ့ တကယ်ပဲ SMEတွေကို ဖွံ့ဖြိုးတိုးတက် စေချင်ရင် ခင်ဗျားတို့ရဲ့အသံတွေကို နားထောင်ရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောပါ။ ရှိနေတဲ့ အခက်အခဲကို ပြောပါ။ ကျနော်တို့ ဘယ်လိုလုပ်ပေးနိုင်မလဲ ကျနော်တို့အစိုးရအဖွဲ့က စဉ်းစားပါ့မယ်။ တိုင်းဒေသကြီးက လုပ်မပေးနိုင်ရင် ပြည်ထောင်စုကို တင်ပြပေးပါမယ်”ဆိုပြီး အဖွင့်အမှာစကား ပြောခဲ့ပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “အမေရိကန်နိုင်ငံဆိုရင် ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တယ်။ သူတို့ရဲ့ MSME Micro SME ကိုအကောင်အထည် ဖော်နိုင်တယ်။ SME ဖွံ့ဖြိုးရင် တိုင်းပြည်ရဲ့ထုတ်လုပ်မှုတန်ဖိုး (GrossDomesticProduct) GDP ကိုလည်း တိုးတက်စေတယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း သိပါတယ်။ သိလို့လည်း စီမံချက်တွေ ရေးဆွဲပြီး လုပ်နေတယ်။ လက်ရှိ ဘဏ်အတိုးနှုန်းထက်လျော့အောင် ကျနော်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့က တင်ပြကြတယ် အိမ်တွေ ဂရမ်တွေ မလိုဘဲ။ လုပ်ငန်းတခု ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲ ဝန်ထမ်းအင်အား ဘယ်လောက်ရှိလဲ၊ ရင်နှီးမှုအမြတ် ဘယ်လောက်လဲ၊ အခွန် ဘယ်လောက်ပေးလဲ ဝန်ထမ်းတွေကိုရော ဘာလုပ်ပေးထားလဲ၊ စာရင်းဇယားတွေ လုပ်ထားလား အဲဒါတွေကြည်ပြီး အကူအညီပေးရမယ်။ စက်တခုဝယ်မလား ဝယ်ပေးမယ်ဆိုတဲ့ ချေးငွေမျိုး ဖြစ်အောင် ဆောင်ရွက်ပေးပါ၊ ဒါမှသာ SMEတွေ ဖွံ့ဖြိုးမယ်"လို့ ပြောပါတယ်။

အဲဒီနောက်လုပ်ငန်းရှင်တွေက သူတို့ရဲ့ အခက်အခဲတွေ တင်ပြကြပါတယ်။

ဝမ်းတွင်းမြို့နယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆည်ရွာလျှပ်စစ်မီးဖွင့်ပွဲ လာရောက်ပြီး မြို့နယ်ခန်းမမှာ လုပ်ငန်းရှင် ၁၅၀ လောက်နဲ့ ‎တွေ့ဆုံပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013