DVB Logo
Home
မြန်မာသတင်း
လူငယ်​​များနိုင်​ငံ​ရေးသိရှိစေရန် အန်အယ်လ်ဒီလူငယ်​ညီလာခံ မြင်းခြံတွင်ကျင်းပ
DVB
·
January 15, 2018
လူငယ်​​များနိုင်​ငံ​ရေးသိရှိစေရန် အန်အယ်လ်ဒီလူငယ်​ညီလာခံ မြင်းခြံတွင်ကျင်းပ
1 / 7
Donate to DVB

 

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာ ဒုတိယအကြိမ်​​မြောက်​ လူငယ်​ညီလာခံ ​ရွေးချယ်​ပွဲကို မြင်းခြံမြို့နယ်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံးခန်း​မှာ ဒီက​နေ့ ကျင်းပပါတယ်​။

လူငယ်တွေ နိုင်ငံရေးကို သိရှိဖို့အတွက် ခုလို လူငယ်ညီလာခံ ကျင်းပတာလို့ နွားထိုးကြီးမြို့နယ်​ လူငယ်​ညီလာခံကျင်းပ​ရေးအတွက်​ လူငယ်​​ကော်​မရှင်​အဖွဲ့ဝင် ​ဒေါ်ငြိမ်းသက်​နွယ်​က ပြောပါတယ်။

“လူငယ်​ညီလာခံကျင်းပရတဲ့ ရည်​ရွယ်​ချက်​က ပြည်​သူပြည်​သား အားလုံး နိုင်​ငံ​ရေး အ​ခြေအ​နေဆိုတာ သိရမယ်​။ လူငယ်​​တွေလည်း နိုင်​ငံ​ရေးဆိုတာဘာလဲ၊ နိုင်​ငံ​ရေး အ​ခြေအ​နေဆိုတာဘာလဲ၊ လူငယ်​​တွေစိတ်​ထဲမှာရှိ​နေမှ တိုင်းပြည်​ရဲ့ ​ရှေ့ရေးက စိတ်​ချရမှာ​လေ၊ လူကြီး​တွေက​နေ လုပ်​ချင်​ရာလုပ်​သွားတဲ့ အ​ခြေ​နေက​ တစ်​​ဖြည်း​ဖြည်း လက်​ဆင့်ကမ်းတဲ့ အ​မွေဆိုတာ သိသွား​အောင်​လို့၊ လက်​ဆင့်ကမ်းတဲ့အ​မွေဆိုတာ မသိတဲ့အတွက်​ မြန်​မာနိုင်​ငံမှာ သယံဇာတ​တွေတူး​ဖော်​ပြီး လုပ်​ချင်​ရာလုပ်​ခဲ့တာကို ဒီအတိုင်းကြည့်နေရတဲ့အထိ လုပ်​ခဲ့ကြ တာ​လေ။ လူငယ်​​တွေ နိုင်​ငံ​ရေးဆိုတာ သိရမယ်​။ သူတို့မှာ ပိုပြီးတာဝန်​ ရှိတယ်​ဆိုတာ သိရမယ်​။”

အနာဂတ်​မှာ အရည်​အချင်းပြည့်ဝတဲ့ မျိုးဆက်​သစ်​​ခေါင်း​ဆောင်တွေ ​ပေါ်​ပေါက်​လာဖို့ လူငယ်​ညီလာခံကို ကျင်းပရတာလို့ မြို့နယ်​လူငယ်​ညီလာခံကျင်းပ​ရေး ​ကော်​မရှင်​အတွင်း​ရေးမှူး ဦးကိုကို​မောင်​ ကပြောပါတယ်။

“ဒီ ညီလာခံက​နေ နိုင်​ငံ​ရေး ​ခေါင်း​ဆောင်​​တွေ​ပေါ်​ပေါက်​လာပြီး သူတို့ကျရာတာဝန်​​တွေ ထမ်းပြီး နိုင်​ငံအကျိုး တိုင်းပြည်​အကျိုး သယ်​ပိုး​ဆောင်​ရွက်​သွားမယ့် လူငယ်​​တွေ ဖြစ်​​ပေါ်လာမယ်​ လို့ ယုံကြည်​ပါတယ်​။ ခု ​ရွေးချယ်​ပွဲမှာလည်း ဒီမိုက​ရေစီနည်းကျအတိုင်း ​ရွေးချယ်​​ပေးသွားမှာ ဖြစ်​ပါတယ်။”

ဒီက​နေ့ ကျင်းပတဲ့ လူငယ်​ညီလာခံမှာ မြို့နယ်​လုပ်​ငန်းအဖွဲ့ဝင်​ ၁၉ ဦး ​ရွေးချယ်​မှာဖြစ်​ပြီး အရံ ၁၀ ဦး၊ ​ပေါင်း ၂၉ ဦး ​ရွေးချယ်​သွားမှာလည်း ဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ ဇန်​နဝါရီ ၇ ရက်​​ကလည်း မြင်းခြံမြို့မှာ ခရိုင်းအတွင်းမှာရှိတဲ့ လူငယ်​အဖွဲ့ဝင်​တွေ ​တွေ့ဆုံပွဲကိုလည်း ကျင်းပခဲ့ပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013