DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 15, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၂,၃၀၀ ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲ အဟောင်း ၁ အိတ်ကို ၅၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၃၅,၈၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ် ၁,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ထောပတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ထောပတ်ပဲက ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၂,၈၀၀ ကျပ်ကနေ ငွေကျပ် ၉၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ထောပတ်ပဲ အများဆုံး ဝင်တဲ့ မန္တလေး ကုန်စည်ဒိုင်မှာတော့ ထောပတ်ပဲ အသစ်က ၁ အိတ်ကို ၈၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃၀,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၁,၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ အိတ်ကို ၇,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီ(မိုး)က ၁ ပိဿာကို ၄၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ကြက်သွန်အများဆုံးထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ ၅၄ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၂၅,၄၀၀ ကနေ ၂၇,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ၂၆,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013