DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က ပြန်လာမည့် ဒုက္ခသည်စာရင်း မြန်မာအစိုးရမရရှိသေး
DVB
·
January 15, 2018
ဘင်္ဂလားဒေ့ရှ်က ပြန်လာမည့် ဒုက္ခသည်စာရင်း မြန်မာအစိုးရမရရှိသေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဒီကနေ့အချိန်အထိ ပြန်လာမယ့် လျှောက်လွှာစာရင်းတွေကို လက်ခံရရှိထားတာ မရှိသေးဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးထွက်သွားသူတွေ လက်ခံမယ့်ရက် ၈ ရက်သာ လိုပေမယ့် ဒီကနေ့ထိ ပြန်လည်လက်ခံမယ့် စာရင်းတွေ ရရှိထားတာ မရှိသေးဘူးလို့ မောင်တော၊ လှဖိုးခေါင်ကျေးရွာရှိ ယာယီတဲစခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေတွေကို လာရောက်ကြည့်ရှုတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မီဒီယာတွေကို ပြောပါတယ်။

“အခုထက်ထိတော့ ကျနော်တို့လက်ထဲကို လာပို့မယ့် စာရင်းတွေ မရောက်သေးဘူး ဖြစ်နေတယ်။ ဒီဘက်ကို လာမယ့် စာရင်းကိုတော့ ဒီဘက်ကို မရောက်သေးဘူး။ သို့သော်လည်း ကျနော်သည် စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ရက်မှာ အဆင်သင့်ဖြစ်အောင် ကျနော်တို့ အစစအရာရာ ဆောင်ရွက်ထားပြီး၊ လက်ခံတဲ့ စခန်းမှာ အဆင်သင့်ဖြစ်နေတယ်။ အခု ကြားစခန်းမှာလည်း မြင်တဲ့အတိုင်းပဲ အဆင့်သင့် ဖြစ်မယ်။ အခြေအနေတွေကို ရောက်ရှိနေတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း ပြန်လည်လက်ခံမယ်သူတွေကို သေချာစိစစ် လက်ခံသွားမှာဖြစ်ပြီး အကြမ်းသမားတွေနဲ့ ဆက်စစ်မှုရှိ မရှိ၊ မူလနေထိုင်သူတွေ ဟုတ် မဟုတ်ဆိုတာ စိစစ်ပြီး လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့နေရာမှာ မောင်တောမြောက်ပိုင်းက လှဖိုခေါင်းကျေးရွာမှာ ယာယီတဲစခန်းတွေ ဆောက်လုပ်ပြီး ပြန်လည်လက်ခံသွားမှာ ဖြစ်ပြီးတော့ အဲဒီကနေ့တဆင့် သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ ပြန်လည်နေရာချထားမှာ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လည်နေရာချထားမယ့် နေရာတွေနဲ့ လက်ခံရေးစင်တာ ပြီးစီးမှု အခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၄ ရက်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်က တဖန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံ ရခိုင်တွေနဲ့ ဟိန္ဒူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာလည်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာပါ။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013