DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား နှစ်စဉ် မဂ္ဂါဝပ် ၅၀၀ ထိတိုးတက်ထုတ်လုပ်နေ
DVB
·
January 15, 2018
လျှပ်စစ်ဓာတ်အား နှစ်စဉ် မဂ္ဂါဝပ် ၅၀၀ ထိတိုးတက်ထုတ်လုပ်နေ
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်ဓာတ်အား နှစ်စဉ် မဂ္ဂါဝပ် ၄၀၀ ကနေ ၅၀၀ ထိ တိုးတက်ထုတ်လုပ်နေပြီး ၂၀၂၁ ခုနှစ်​အထိ ဓာတ်​အားပြတ်​​တောက်​မှုမရှိ​အောင်​ ​ဆောင်​ရွက်​သွား မယ်​လို့ လျှပ်​စစ်​နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်​ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

ဇန်​န၀ါရီ ၁၅ ရက်​​မှာ ပြန်​လည်​ကျင်းပတဲ့ သတ္တမအကြိမ်​ ပြည်​သူ့လွှတ်​​တော်​ ပထမ​နေ့ အစည်း​ဝေးမှာ နှစ်​စဉ်​တိုးမြင့်သုံးစွဲလာတဲ့ မြန်​မာနိုင်​ငံရဲ့ လျှပ်စစ်​​​ဓာတ်​အားသုံးစွဲမှုကို ၂၀၁၈ က​နေ ၂၀၂၁ ခုနှစ်​အထိ ပြည်​သူ​တွေလျှပ်​စစ်​ဓာတ်​အား မပြတ်​​တောက်​​စေဖို့ ဘယ်​လို​ လုပ်ဆောင်နေတယ်ဆိုတာသိလိုကြောင်း  ကျာက်​တံတားမြို့နယ်​ ပြည်​သူ့ လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​နေမျိုး​ထက်က ​မေးမြန်းခဲ့တဲ့ အ​ပေါ်  ပြန်​လည်​​ဖြေဆိုခဲ့တာပါ။

ဒေါက်တာထွန်းနိုင်က “လာမယ့် ​လေးနှစ်​တာကာလအတွင်းမှာ လျှပ်​စစ်​ဓာတ်အားပြည့်မှီနိုင်​​အောင်​အတွက်​ လက်​ရှိအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​နေတဲ့ ရာဇဂြိုလ်​​ ၄ မဂ္ဂါဝက် ​ရေအားလျှပ်​စစ်​စီမံကိန်း၊ မင်းဘူး​ ၄၀ မဂ္ဂါဝက် ​​နေ​ရောင်​ခြည်​သုံးဓာတ်​အားလျှပ်​စစ်​စီမံကိန်း၊ သထုံ ၁၁၉ မဂ္ဂါဝတ်​ သဘာဝ ဓာတ်​​ငွေ့သုံး ဓာတ်​အားလျှပ်​စစ်​စီမံကိန်း၊ သာ​ကေတ ၁၀၆ မဂ္ဂါဝတ်​ သဘာဝဓာတ်​အား​ပေး စက်​ရုံ၊ မြင်းခြံ ၂၂၅ မ​ဂ္ဂါဝတ်​ သဘာဓာတ်​​ငွေ့သုံး ဓာတ်​အား​ပေးစက်ရုံစီမံကိန်းတို့ကို အခု ၂၀၁၈-၂၀၁၉ ခုနှစ်​အတွင်းမှာ ပြီးစီး​အောင်​ ​ဆောင်​ရွက်​​နေပါတယ်​။”လို့ပြောပါတယ်။

တနှစ်ထက်တနှစ် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်လာနိုင်ပြီး နှစ်စဉ် မဂ္ဂါဝပ် ၄၀၀ ကနေ ၅၀၀ ထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ပြောပါတယ်။

“နှစ်အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အချိန်မီတိုးတက်ပြည့်မီ ထုတ်လုပ်နိုင်ဖို့ရာ စီစဉ်လျာထားလျက်ရှိပြီး ဖြစ်ပါတယ်။ လက်ရှိကာလမှာ ဓာတ်အားထုတ်လုပ်တဲ့ အရင်းအမြစ်များကို စနစ်တကျထိန်းညှိ ထုတ်လုပ်ခြင်းနဲ့ ကြီးကြပ် ကွပ်ကဲခြင်းများကို ဆောင်ရွက် ခဲ့တဲ့အတွက်ကြောင့် ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်မှာ လည်းကောင်း၊ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်အတွင်းမှာလည်းကောင်း၊ ဓာတ်အားပေးစက်ရုံတွေ အသစ် တိုးချဲ့တည်ဆောက်ခြင်း မရှိသည့်တိုင် မဂ္ဂါဝပ် ၄၀၀ ကနေ ၅၀၀ အထိ နှစ်စဉ် တိုးတက် ထုတ်လုပ်နိုင်အောင် ကျနော်တို့ ကြီးကြပ် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”
၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်းမှာ သဘာဝဓာတ်ငွေ့သုံး စက်ရုံ စီမံကိန်း အခု ၂၀ ထက်မနည်းကနေ မဂ္ဂါဝပ် ၃၆၀၀ ကျော် ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာ​တ​နိုင်​ငံလုံးအတိုင်းအတာနဲ့ လျှပ်​စစ်​ဓာတ်​အားတိုးမြင့်သုံးစွဲလာတဲ့အတွက်​ နှစ်​စဉ် ​ဓာတ်​အားလိုအပ်​ချက်​အ​နေနဲ့ ၁၅ ရာခိုင်​နှုန်း က​နေ ၂၀ ရာခိုင်​နှုန်း အထိဖြစ်​​ပေါ်​နေတယ်လို့ သိရပါတယ်​။

မကြာသေးခင်ကပဲ အိမ်နီးချင်း လာအို၊ အိန္ဒိယစတဲ့ နိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အား ၀ယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ဖော်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013