DVB Logo
Home
မြန်မာသတင်း
လစ်လပ်မဲဆန္ဒနယ် ၈ နေရာအတွက် ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်
DVB
·
January 15, 2018
လစ်လပ်မဲဆန္ဒနယ် ၈ နေရာအတွက် ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်
Donate to DVB

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောပါတယ်။

ဇန်န၀ါရီ၁၅ ရက်နေ့ ပြန်လည်စတင်တဲ့  အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်က ဦးခင်မောင်လတ်မေးမြန်းတဲ့ခဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိ မရှိမေးခွန်းနဲ့ ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

“လုပ်မယ့်ရက်အတိအကျကို ကြေညာပါမယ့်။ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိရပါဦးမယ်။ မဲစာရင်းကောက်တာ တို့၊ ကိုယ်စားလှယ်လောင်းတွေ လက်ခံတာတို့ လုပ်ရဦးမယ်။ ၂၀၁၈ ခုနှစ်ထဲတော့ ဖြစ်မယ်။ မကြာခင်မှာ ကြေညာမယ်၊ ပြင်ဆင်နေပါပြီ”လို့ ဦးအောင်မြင့်က ပြောပါတယ်။

လစ်လပ်မဲဆန္ဒတွေမှာ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ အုတ် တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ တမူးမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော်က ကန်ပက်လက်မြို့နယ်၊ လဲ ချားမြို့နယ်တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013