DVB Logo
Home
မြန်မာသတင်း
အရည်သွေးမပြည့်မီသည့် ကျောင်းဆောင်သစ် ပြင်ပေးရန် ညောင်လေးပင်ဒေသခံများ တောင်းဆို
DVB
·
January 15, 2018
အရည်သွေးမပြည့်မီသည့် ကျောင်းဆောင်သစ် ပြင်ပေးရန် ညောင်လေးပင်ဒေသခံများ တောင်းဆို
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ညောင်ပင်သာကျေးရွာ အ.မ.က မူလွန် ကျောင်းဆောင်သစ် တည်ဆောက်တဲ့နေရာမှာ အရည်အသွေးပြည့်မီခြင်း မရှိတာကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာရပ်မိရပ်ဖတွေက လိုလားနေကြပါတယ်။

ညောင်ပင်ကြီးကျေးရွာ အ.မ.က မူလွန်ကျောင်းဆောင်သစ်ကို (ပြည့်စုဆာက်လုပ်ရေး ကုမ္ပဏီ) က ၂၀၁၇ မတ်လစတင်ကာ ပညာရေးဝန်ကြီးဌာနရဲ့ ပြင်ဆင်ထိန်းသိမ်းရေးစရိတ် ကျပ် ၂၁၆ သိန်းနဲ့ အကုန်အကျခံကာ ၄ လကြာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပေ ၆၀ ပေ ၃၀ ပတ်လည် သံဘောင်အုပ်စီသွပ်မိုး တထပ်တိုက် အမျိုးအစား ဖြစ်ပါတယ်။

ညောင်ပင်ကြီးကျေးရွာနေ ဒေသခံတဦးက “ကျောင်းဆောက်ပြီးလို့ တနှစ်မပြည့်ခင်မှာပဲ အုပ်နံရံတွေ ကွဲထွက်လာပြီး အောက်အခင်းတွေ မညီညာတာ၊ တံခါးကျည်းဘောင်တွေ ကျိုးပဲ့လာတာ၊ အဖွင့်အပိတ်ပြုလုပ်ဖို့ ခက်ခဲတာ စတာတွေ ဖြစ်ပေါ်နေတယ်”လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ အရည်သွေးပြည့်မီအောင် မတည်ဆောက်သွားတဲ့အတွက် ဒေသခံတွေ အနေနဲ့ ကျေနပ်မှုမရှိလို့ သက်ဆိုင်ရာမြို့နယ် အဆင့်ဆင့်ကို တိုင်ကြားရတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်က လာရောက်စစ်ဆေးတဲ့နေရာမှာ အရည်သွေး မပြည့်မီတဲ့အတွက် ကုမ္ပဏီကို ပြန်လည်ပြင်ဆင်ပေဖို့ ညှိနှိုင်းပေးခဲ့ပေမယ့် အခုချိန်ထိ လာရောက်ပြုပြင်ပေးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းနုက “အဆောက်အအုံတခုလုံးရဲ့ နောက်ဆုံးအရစ် ကုမ္ပဏီကို ငွေထုတ်ပေးဖို့ သွားစစ်ဆေးတဲ့နေရာမှာ အဆောက်အအုံဟာ အရည်အသွေး မပြည့်မီတာကြောင့် လိုအပ်ချက်တွေ ပြုပြင်ပေးဖို့ မှာကြားခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လာရောက် ပြုပြင်ပေးခြင်း မရှိပါက အမည်ပျက်စာရင်းထည့်သွင်းသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည့်စုကုမ္ပဏီကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013