DVB Logo
Home
မြန်မာသတင်း
မောင်တော သက်ကယ်ပြင် ရေကန်အတွင်း လက်နက်မျိုးစုံ ၃၂ လက် တွေ့ရှိ
DVB
·
January 15, 2018
မောင်တော သက်ကယ်ပြင် ရေကန်အတွင်း လက်နက်မျိုးစုံ ၃၂ လက် တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း သက်ကယ်ပြင် ဘဂါင်္လီကျေးရွာ ဗလီအနီးရှိ ရေကန်အတွင်းမှာ လက်နက်မျိုးစုံ ၃၂ လက် တွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနက် ၁၀ နာရီ ကျော်က မောင်တောမြို့ မြောက်ပိုင်း သက်ကယ်ပြင် ဘင်္ဂါလီကျေးရွာ ဗလီနားက ရေကန်မှာ ဖားရှာနေကြတဲ့ အောင်မင်္ဂလာ ကျေးရွာသား ၃ ဦး တွေ့ရှိပြီး အကြောင်းကြားလာလို့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တာလို့ အောင်မင်္ဂလာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။

"တွေ့ရှိတဲ့ လက်နက်တွေကတော့ ဒေါက်နဲ့ ထောက်ပစ်နိုင်တဲ့ လောင်ချာ ၁ လက်ပါ။ နောက် ဗုံးပစ်လောင်ချာပုံစံ လက်နက် ၁၇ လက်နဲ့ လုပ်သေနတ် ၁၄ လက်ပါ စုစုပေါင်း ၃၂ လက်ကို ရေကန်ကြီးထဲက ရှာတွေ့တာပါ။ လက်နက်တွေကတော့ ရေထဲမှာ ဘင်္ဂါလီတွေက သိုဝှက်ထားတာ ဖြစ်နိုင်ပါတယ်။ အားလုံး အကောင်းတွေပါ။ နောက်ထပ်လည်း ရှိနိုင်ပါသေးတယ်။”

သက်ဆိုင်ရာက အနီးဝန်းကျင်ကို နောက်ထပ် ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေပြီး လက်နက်တွေကိုတော့ ရွာလူကြီးတွေကတဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ပြောပါတယ်။

သတင်း - မင်းကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013