DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင်​ ဘဏ်​လုံခြုံရေးဝန်​ထမ်းတ​ဦး ဆွဲကြိုးချ ​သေဆုံး
DVB
·
January 15, 2018
သထုံမြို့တွင်​ ဘဏ်​လုံခြုံရေးဝန်​ထမ်းတ​ဦး ဆွဲကြိုးချ ​သေဆုံး
Donate to DVB

မွန်​ပြည်​နယ်​၊ သထုံမြို့၊ က​မ္ဘောဇဘဏ်​ခွဲ ၁ မှာ ဇန်​နဝါရီ ၁၃ ရက်​နေ့၊ ည ၇ နာရီလောက်က ဘဏ်​လုံခြုံရေးဝန်​ထမ်းတ​ဦး ဆွဲကြိုးချ​ သေဆုံးခဲ့တယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။

သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ည ၇ နာရီဝန်းကျင်လောက်က ဘဏ်က ဖုန်းဆက်လာလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ သေဆုံးသူ အမျိုးသားက အသက် ၂၅ နှစ်ရှိပါပြီ။ လုံခြုံရေးဝန်ထမ်းအဆင့် ၁ လို့ ပြောပါတယ်။ ဘဏ်​ခွဲအ​နောက်​ဘက်​မှာရှိတဲ့ ထမင်းစားခန်း ပြတင်း​ပေါက်​တန်းမှာ ကြိုးဆွဲချ​ပြီး သေဆုံးနေခဲ့တာပါ" လို့ ပြောပါတယ်။

သေဆုံးသူ မျိုးဟိန်းသူ ၂၅ နှစ်၊ လုံခြုံရေးအဆင့် ၁၊ ကမ္ဘောဇဘဏ်ဝန်ထမ်းမှာ ၂၀၁၅ ခုနှစ်​မှ စတင်​ကာ ဘဏ်​ဝန်​ထမ်းအဖြစ် တာဝန်​ထမ်း​ဆောင်​ခဲ့ပြီး အိမ်​​ထောင်​သည် ​ကလေးအဖေတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်နေ့က ဘဏ်အနောက်ဘက်ရှိ ထမင်းစားခန်း ​မြောက်​ဘက်​ခြမ်း၊ ပြတင်း​ပေါက် ​အမြင့် ၈ ​ပေရှိ အလူမီနီယံဘားတန်းမှာ ​ဆွဲကြိုးချ​ သေဆုံး​ခဲ့တာလို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းနိုင်ဖို့အတွက် သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖွင့်လှစ်ထားပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013