DVB Logo
Home
မြန်မာသတင်း
မိုင်တထောင် တကိုယ်တော်စက်ဘီးစီးသူ ဖြူးမြို့နယ်သို့ ရောက်ရှိ
DVB
·
January 14, 2018
မိုင်တထောင် တကိုယ်တော်စက်ဘီးစီးသူ ဖြူးမြို့နယ်သို့ ရောက်ရှိ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ အကြိမ် ၇၀ မြောက်လွတ်လပ်ရေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မိုင်တထောင် တကိုယ်တော် စက်ဘီးနင်းသူဟာ ဖြူးမြို့နယ်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ လောက်က ရောက်ရှိလာခဲ့ပါတယ်။

“နှစ် ၇၀ မြောက်လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့ စီးဘီးနင်းပြီးတော့ အားကစားနဲ့ နိုင်ငံတော်ကို ဂုဏ်ပြုတာဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးကိုထောက်ခံတယ်၊ တပ်မတော်သားဖြစ်တဲ့အတွက် နိုင်ငံရဲ့လွတ်လပ်ရေးကို ဂုဏ်ပြုတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ လုပ်နေတဲ့ ငြိမ်းချမ်းရေးက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ တိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံ ငြိမ်းရေးရရှိဖို့အတွက်ဖြစ်တယ်။ ငြိမ်းချမ်းရေးအဖြေရှာဖို့ စားပွဲဝိုင်းစနစ်ကို လိုအပ်တယ်။ အဲ့ဒါကို ထောက်ခံအားပေးတယ်" လို့ တကိုယ်တော်စက်ဘီးစီးနင်းသူ ဦးကြည်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လမ်းမှာ အခက်ခဲကြုံရပုံကိုလည်း သူက “လမ်းမှာသွားရတာ အခက်အခဲလေးတွေ ရှိ တယ်။ လက်ပတန်းဘက်မှာဆို အရက်သမားတွေ လိုက်နှောင့်ယှက်တာရှိတယ်၊ ဆိုင်ကယ်သမားတွေက ပိုက်ဆံလိုက်တောင်းတာ ရှိတယ်။ ကျနော်နားလည်းပေးပါတယ်” လို့ ပြောပါတယ်။

ဦးကြည်ဝင်းဟာ ဇန်န၀ါရီလ ၂ ရက်နေ့မှာ ဟင်္သာတမြို့မှ စတင်ထွက်ခွာခဲ့ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တောင်ငူမြို့မှာ ညအိပ်ရပ်နားခဲ့ပြီး ၁၄ ရက်နေ့ မနက် ၈ နာရီလောက်က တောင်ငူမြို့မှ စတင်ထွက်ခွာခဲ့တာပါ။ သူဟာ တနေ့ကို မိုင် ၁၀၀ စက်ဘီးစီးသွားမှာဖြစ်ပြီး ဟင်္သာတ၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် တပတ်မိုင် ၁၀၀၀ စက်ဘီးစီးသွားမှာပါ။

အခုအကြိမ်အပါအ၀င် သူဟာခြောက်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း SEA GAME အတွက် မိုင်သုံးထောင် စက်ဘီးစီခဲ့ဖူးတယ်လို့ သိရပြီး သူ့ရဲစက်ဘီးစီးသက်ဟာ နှစ် ၂၀ ကျော်ပြီလို့ သိရပါတယ်။

သတင်း - ကျော်အောင်( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013