DVB Logo
Home
မြန်မာသတင်း
ဒုက္ခရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ပုသိမ်သို့ ပြန်လည်ရောက်ရှိ
DVB
·
January 14, 2018
ဒုက္ခရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ပုသိမ်သို့ ပြန်လည်ရောက်ရှိ
Donate to DVB

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းရွာက စက်အုတ်လုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ပြီး ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား အယောက် ၂၀ ဟာ ပုသိမ်မြို့ကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်ရောက်ရှိလာပါတယ်။

ပုသိမ်မြို့နယ် စမ်းကြီးကုန်းကျေးရွာ၊ စမ်းမြိုင်ကျေးရွာ၊ ကျွန်းလှကျေးရွာနဲ့ ချောင်းသာမြို့တို့ကနေ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၆ ဦး အမျိုးသမီး ၄ ဦးတို့ဟာ ကျောင်းရွာမှာ တစ်နေ့လုပ်အားခ ၆၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အသီးသီးရမယ်လို့ ဒေသခံတစ်ယောက်ကပဲ စည်းရုံးခဲ့လို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလပိုင်းက လိုက်သွားခဲ့တာလို့ ပြန်လည်လွတ်မြောက်ခဲ့သူတွေက ပြောပါတယ်။

အလုပ်တကယ်လုပ်ချိန်မှာတော့ တနေ့လုပ်အားခ ၁၅၀၀ ကျပ်သာ ရရှိတဲ့အတွက် အဆင်မပြေဖြစ်ခဲ့ပြီး စားဝတ်နေရးအတွက် အကြွေးတွေ တင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အကြွေးတွေကို ၃ ဆပေးနိုင်မှ ပြန်ရမယ်ဆိုလို့ အိမ်ပြန်လည်းမရ၊ ထွက်ပြေးဖို့ကြိုးစားလည်း ရိုက်နှက်ခြိမ်းခြောက်ခံရလို့ မိဘဆွေမျိုးတွေနဲ့ ဆက်သွယ်ခဲ့ကြတယ်လို့ ပြန်လွတ်လာသူ မခင်ချိုနိုင်က ပြောပါတယ်။

ဒီနောက်မှာတော့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပုသိမ်မြို့ကို ပြန်လည်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မခင်ချိုနိုင်က “ရွှေ့ပြောင်းအလုပ်သမားတွေကို သချိုင်းတစ်ခုရဲ့နောက်က လယ်ကွင်းစပ်ထဲမှာ တာပေါ်လင်တဲများနဲ့ ထားတာဖြစ်ပြီး မနေနိုင်လို့ ထွက်ပြေးရင်း ပြန်ဖမ်းမိသွားရင် ကြိုးတုပ်တယ်၊ ပြီးတော့ ဝိုင်းရိုက်တာ ခံခဲ့ရပြီး ရဲတွေ လာစစ်ရင်လည်း မပြောဖို့ ဓားတွေလက်နက်တွေနဲ့ ချိန်းခြောက်တာကြောင့် ညဘက်ဆို မိန်းကလေးတွေ အိပ်ချိန်မှာ ယောက်ျားလေးတွေက အလှည့်ကြကင်းစောင့်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ပြန်လည်လွတ်မြောက်ခဲ့တဲ့သူတွေကို ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းမှာတော့ ပုသိမ်အခြေစိုက် လူကုန်တားရဲတပ်ဖွဲ့အကူအညီနဲ့ နေထိုင်ရာ နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

သတင်း - မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013