DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီစနစ်ကို အထောက်ကူပြုနိုင်ရေး လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ဟု ဦးဖေမြင့်ပြော
DVB
·
January 14, 2018
ဒီမိုကရေစီစနစ်ကို အထောက်ကူပြုနိုင်ရေး လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ဟု ဦးဖေမြင့်ပြော
Donate to DVB

 

လူငယ်တွေကို စကားဝိုင်းတွေ ပြုလုပ်ပေးတာ လူငယ်တွေရဲ့ အခက်အခဲတွေ ပြေလည်စေမှာဖြစ်သလို ဒီမိုကရေစီစနစ်ကို တကယ်လက်တွေ့ ကျင့်သုံးရာမှာ အထောက်ကူပြုနိုင်ဖို့ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲက ဘားအံခရိုင်​၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့လူငယ်နှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါ တယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က “ကျနော်တို့ ဒီမိုကရေစီစနစ်ကို တကယ်လက်တွေ့ ကျင့်သုံးနိုင်ဖို့အတွက်ကို ကျင့်သုံးရာမှာ အထောက်အကူ ပြုနိုင်ဖို့အတွက်ကို ဆောင်ရွက်ခြင်းဖြစ်တယ်။ လူတိုင်းလူတိုင်းက ကိုယ့်စိတ်ထဲ ကိုယ့်ရှိတဲ့ ဆန္ဒတွေ သဘောထားတွေကို ပြောဆို ဆွေးနွေးလာတော့မှသာလျှင် ဒီတိုင်းပြည်မှာ တကယ် ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ပြုပြင်ပေးပြီးဖြစ်မယ်”လို့ ပြောပါတယ်။

လူငယ်တွေဟာ တိုင်းပြည်တွက် အဓိကအားထားရမယ့် အရင်းအမြစ်တစ်ခုဖြစ်သလို အနာဂတ်အတွက် အဓိက အရေး ကြီးတဲ့ အခမ်းကဏ္ဍမှာ ပါဝင်တယ်လို့ ဘားအံမြို့၊ လူငယ် အခြေပြုအဖွဲ့အစည်း၊ နန်းခင်သစ်လွင်က ပြောပါတယ်။

“လူငယ်ဟာဆိုရင် ကျမတို့ နိုင်ငံမှာ အဓိကအားထားရမယ့် အရင်းအမြစ်တစ်ခုထဲမှာလည်း ပါတယ်။ ဒီကလူငယ်တွေရဲ့ ဘ၀မှာဆိုရင် စာပေကလည်း မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ဒီရဲ့ ဒီလိုမျိုးလုပ်ပေးတာဟာ ဆိုရင် လူငယ်ရဲ့ ဘ၀ရော လာမယ့် တိုင်းပြည်အနာဂတ်အတွက်ရော အဓိက အရေးကြီးတဲ့ အခမ်းကဏ္ဍမှာပါဝင်တယ်”လို့ ပြောပါတယ်။

စကားဝိုင်းဆွေးနွေးပွဲကို အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုးအပေါ် ဆွေးနွေးရုံ သက်သက် မဟုတ်ဘဲ ကိုယ့်ရပ်ရွာဒေသမှာဖြစ်နေတဲ့ အကြောင်းကိစ္စတွေကို ဆွေးနွေးအဖြေရှာပြီး အောင်​မြင်ဖို့၊ ဘယ်လို အဆင်ပြေနိုင်မလည်းဆိုတာ သက်ဆိုင်တဲ့လူတွေကို အသိပေးဖို့နဲ့ ပြဿနာပြေလည်အောင် ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ပြည်​​ထောင်​စုဝန်​ကြီးက ​ပြောပါတယ်။

လူငယ်နှင့်စာပေ ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ စာရေးဆရာ မင်းခိုက်စိုးစံ၊ စာရေးဆရာမ မနှင်းဝေငြိမ်းနဲ့ ကြာအင်းဆိပ်ကြီးမြို့၊ ကရင်တိုင်းရင်းသူ ဒေသခံ လူငယ်​ နန်းထက်ထက် လင်းစိုးတို့က ဆွေးနွေးရာမှာ တက်ရောက်လာတဲ့ လူငယ်တွေက သိရှိလိုတာတွေကို ပြန်လှန် မေးမြန်းဆွေးနွေးခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနအ​နေနဲ့ လူမှုအခြေပြု ဗဟိုဌာတွေကို အဆင့်မြှင့်တင် ဖွင့်လှစ်ပေးခဲ့ရာမှာ ကော့မှူးမြို့နယ်ရုံး၊ အင်းစိန် ခရိုင်ရုံး၊ မြောင်းမြခရိုင်ရုံး၊ နတ်မောက်ခရိုင်ရုံး၊ ပျဉ်းမနားမြို့နယ်ရုံး၊ မြစ်ကြီးနားခရိုင်ရုံး၊ မန္တလေးခရိုင်ရုံးတွေကို ဖွင့်လှစ် ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း စာဖတ်သူတိုးတက်လာဖို့နဲ့ ဗဟုသုတတွေ ပိုမိုတိုးတက်ပွားလာစေ ဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့ လျားစာကြည့်တိုက်အနေနဲ့ ၁ ရက်ကို ၂ နေရာ သတ်မှတ်​ပြီး မြို့ပေါ်ရပ်ကွက်အပြင် ကျေးလက်နေ ပြည်သူတွေထံ လက်ဝယ် အရောက် စာအုပ်တွေကို အခမဲ့ငှားရမ်း ပေးသွားမယ်လို့ တာဝန်ခံကပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013