DVB Logo
Home
မြန်မာသတင်း
လာနီညာဖြစ်စဉ်ကြောင့် အအေးပိုနိုင်ဟု မိုးဇလ ထုတ်ပြန်
DVB
·
January 14, 2018
လာနီညာဖြစ်စဉ်ကြောင့် အအေးပိုနိုင်ဟု မိုးဇလ ထုတ်ပြန်
Donate to DVB

 

လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ အပူချိန်လျော့နည်းပြီး အအေးပိုကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ လာနီညာအခြေအနေမှာ ဆက်လက်တည်ရှိနေတယ်။ ခန့်မှန်းမှုတွေအရ ဖေဖော်ဝါရီလအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၉၇ ရာခိုင်နှုန်းအထိ ရှိနေနိုင်တယ်လို့ နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေပေမယ့် အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လာနီညာဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေးပို့သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013