DVB Logo
Home
မြန်မာသတင်း
လိုင်းကားပေါ် တရားမ၀င်ရေနံစိမ်းသယ်သည့် အမျိုးသမီးနှင့် ယာဉ်မောင်းကို ဖမ်းဆီး
DVB
·
January 14, 2018
လိုင်းကားပေါ် တရားမ၀င်ရေနံစိမ်းသယ်သည့် အမျိုးသမီးနှင့် ယာဉ်မောင်းကို ဖမ်းဆီး
Donate to DVB

ဇန်နဝါရီလ ၁၃ ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့မှာ လိုင်းကားတစ်စီးနောက်ဖုံးအတွင်းမှ ရေနံစိမ်း ၉ ပုံးနဲ့ ဂါလန်ခွက်တစ်ခွက်ကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးအရေးယူထားတယ်လို့ တောင်တွင်းကြီး မြို့မရဲစခန်းက သိရပါတယ်။

တရားမဝင်ရေနံစိမ်းတွေ သယ်ဆောင်လာတဲ့ သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တောင်တွင်းကြီးမြို့ ရွှေကြာအင်း(၂)ရပ်ကွက် ရေခဲစက်လမ်းကြားမှာ ရပ်ထားတဲ့ သျှမ်းသျှမ်းတောက်ယာဉ်လိုင်းအမည်ရှိ ခရီးသည်တင်ကားကို သွားရောက်စစ်ဆေးရာ ကားနောက်ဖုံးအတွင်းမှ ၅ ဂါလန်ဆံ့ ရေနံစိမ်း ၉ ပုံးနဲ့ ချိန်တွယ်ရာမှာ အသုံးပြုတဲ့ ဂါလန်ခွက်တစ်ခွက်ကို တွေ့ရှိ သိမ်းဆည်းခဲ့တာပါ။

သိမ်းဆည်းရမိခဲ့တဲ့ ရေနံစိမ်း (၉) ပုံးမှာ ပါဝင်တဲ့ ရေနံစိမ်း (၃၆) ဂါလန်ရဲ့ တန်ကြေးမှာ ၆၁၂၀၀ ကျပ် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ယာဉ်ပေါ်မှာ တွေ့ရှိရသူ မင်းလှမြို့ပန်းတော်ပြင်ကျေးရွာနေ ဒေါ်ခင်ဝင်းကြိုင် (၃၉ နှစ်)နဲ့  ယာဉ်မောင်းအောင်ဗိုလ်ဗိုလ် (၂၃ နှစ်)ကို (ပ)၁၁/၂၀၁၈ ရေနံနဲ့ ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ ၃၇ နဲ့ တောင်တွင်းကြီး မြို့မရဲစခန်းမှ အမှုရေးဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး (​တောင်​တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013