DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြ
DVB
·
January 14, 2018
ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြ
1 / 7
Donate to DVB

 

ပဲခူးမြို့မှာ ဒီနေ့ မနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဝင်းသိန်း နုတ်ထွက်ပေးရေးအတွက် ဒေသခံအင်အား ၂၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပဲခူးရွှေမော်ဓောဘုရား ယာဉ်ရပ်နားစခန်းမှ ပဲခူးတိုင်းလွှတ်တော်ရှေ့နဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးရှေ့အထိ စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဝန်ကြီးချုပ် နုတ်ထွက်ပေး၊ ဒေသတွင်းမြေယာပြဿနာများ ဖြေရှင်းနိုင်ခြင်း မရှိသည့် ဝန်ကြီးချုပ် နုတ်ထွက်ပေး၊ ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှုမရှိသည့် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြပ်မတ်ပေးနိုင်ခြင်းမရှိသည့် ဝန်ကြီးချုပ် နုတ်ထွက်ပေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုင်းဘုတ်တွေ ကိုင်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးဆန္ဒပြပွဲကို အင်အား ၈၀၀ လောက်တင်ထားပေမယ့် လူဦးရေ ၂၀၀ လောက်သာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013