DVB Logo
Home
မြန်မာသတင်း
"ဝ"အထူး​ဒေသတွင် က​လေး ၉၉၃ ဦး ဂျပန်​ဦး​နှောက်​​ရောင်​​ရောဂါ ကာကွယ်​​ဆေးထိုး
DVB
·
January 14, 2018
"ဝ"အထူး​ဒေသတွင် က​လေး ၉၉၃ ဦး ဂျပန်​ဦး​နှောက်​​ရောင်​​ရောဂါ ကာကွယ်​​ဆေးထိုး
Donate to DVB

"ဝ"အထူး​ဒေသ (၂)၊ ခိုင်းလုံမြို့နယ်​မှာ က​လေး ၉၉၃ ဦး ဂျပန်​ဦး​နှောက်​​ရောင်​​ရောဂါ ကာကွယ်​​ဆေး ထိုးပေးခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်းမင်းက ပြောပါတယ်။

“စစ်​​ဒေသ (၁၇၁)က တာဝန်​ရှိသူ​တွေကို ပြီးခဲ့တဲ့လကတည်းက ဆက်​သွယ်​​နေတာ ရာသီဥတုအ​ခြေအ​နေအရ စုရပ်​​တွေစီစဉ်​ဖို့ အခက်​အခဲ​တွေ​ကြောင့် ဇန်​နဝါရီ ၁၁ ရက်​​နေ့က သွားဖြစ်​တာပါ။ အ​တော်​​ဝေးလံ​ခေါင်​ဖျားပြီး မီးမရှိ၊ ရေခက်​ခဲပြီး တရွာနဲ့ တ​ရွာလည်း​ဝေးလို့ စုစည်းရခက်​ခဲပါတယ်​။ အရမ်းလည်း ဆင်းရဲကြပြီး ကျန်းမာ​ရေး အသိလုံးဝမရှိတဲ့ ​ဒေသတ​ခု ဖြစ်​ပါတယ်​။ ဂျပန်​ဦး​နှောက်​​ရောင်​ ကာကွယ်​​ဆေးအပြင်​ အခြားငှက်​ဖျား၊ ​သွေးလွန်​တုပ်​​ကွေး၊ ဝမ်းပျက်​ဝမ်း​လျော​ရောဂါ​တွေပါ စစ်​​ဆေးကုသ​ပေးနိုင်​ခဲ့ပါတယ်​။”

"ဝ" အထူး​ဒေသ (၂) ​တောင်​ပိုင်းစစ်​​ဒေသ (၁၇၁) နယ်​​မြေ ခိုင်းလုံမြို့နယ်​မှာ မိုင်းတုံမြို့​မှ မိုင် ၁၂၀ ​ကျော်​ကွာ​ဝေးပြီး လမ်းပန်းဆက်​သွယ်​မှုခက်​ခဲတဲ့​ ဒေသတစ်​ခုဖြစ်​ပါတယ်​။ နိုင်​ငံ​ရေး၊ လုံခြုံ​ရေးအ​ခြေအ​နေအရလည်း ညှိနှိုင်းသွားလာရတဲ့ ​တောင်​​ပေါ်​ဒေသဖြစ်​ပြီး "ဝ"တပ်​ဖွဲ့ဝင်​မိသားစု​တွေစုစည်းထားတဲ့ ​ဒေသတခုဖြစ်​တာ​ကြောင့် ကန့်​သတ်​ချက်​​တွေလည်း ရှိ​နေပါတယ်​။

ဟွေ​အော​ကျေးလက် ​ကျန်းမာ​ရေးဌာနခွဲမှ ဆရာမ​ဒေါ်နာလယ်​က "သူတို့က စုရပ်​ရွာ ၄ ရွာဖြစ်​တဲ့ ၇၂၆ ရွာ ပုံမိုင်​ရွာ၊ေ​နာင်​ပါလျန်းရွာ၊ နမ့်​ကပ်​တာလျန်​ရွာ​တွေမှာ စုစည်း​ပေးထား တာ​ကြောင့် ၂ ရက်​တည်းနဲ့​ အသက်​ (၉) လမှ ၁၅ နှစ်​အကြားက​လေး ၉၉၃ ​ယောက်​ကို ကာကွယ်​​ဆေးထိုးနှံ​ပေးနိုင်​ခဲ့ပြီး လက်​ရှိဖျားနာ​နေသူ နှာ​စေး ​ချေင်းဆိုးဖြစ်​​နေသူ အနည်းငယ်​ပဲကျန်​ရှိပါတယ်​" လို့​ ​ပြောပါတယ်။

အောင်​​ဇေယျ (မိုင်းတုံ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013