DVB Logo
Home
မြန်မာသတင်း
ဖြူးအနီးတွင် ၉ ကြိမ်မြောက်ငလျင်လှုပ်၊ ငလျင်ကြီးများလှုပ်နိုင်ကြောင်း ပညာရှင်များသတိပေး
DVB
·
January 14, 2018
ဖြူးအနီးတွင် ၉ ကြိမ်မြောက်ငလျင်လှုပ်၊ ငလျင်ကြီးများလှုပ်နိုင်ကြောင်း ပညာရှင်များသတိပေး
Donate to DVB

 

ဒီနေ့ မနက်အစောပိုင်းက ဖြူးမြို့နားမှာ ငလျင်ငယ်တခု ထပ်လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနက် ၅ နာရီ ၅၉ မိနစ်က ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်လောက်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်တယ်လို့ ကြေညာထားတာပါ။

ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီကျော်ကလည်း အဲဒီနေရာဝန်းကျင်မှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီက မြေထုချပ်လှုပ်ရှားမှုကြောင့် ငလျင်ငယ်တွေဆက်ပြီး လှုပ်ရှားနေတာဟာ ဖြစ်ပေါ်နေတဲ့ ဝန်အား (Strain) ကို လျော့ကျသွားစေပြီး ငလျင်ကြီးတွေ ဖြစ်ပေါ်ဖို့ အခွင့်အလမ်းနည်းပါးနိုင်တယ်လို့ ယူဆနိုင်သလို ငလျင်ကြီးတခု ဖြစ်ပေါ်ဖို့ အကြောင်းရှိတယ်လို့ ယူဆနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ငလျင်ဟာ ကြိုတင်ခန့်မှန်းမရတဲ့ ဘေးအန္တရာယ်ဖြစ်တာကြောင့် အဆောက်အအုံတွေကို စစ်ဆေးဖို့၊ နေထိုင်ရာ နေရာတွေမှာ ပြုတ်ကျနိုင်တဲ့ ပရိဘောဂတွေကို စစ်ဆေးပြင်ဆင်ဖို့၊ အရေးကြုံရင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ဘယ်လို တုံ့ပြန်မလဲဆိုတာကို စဉ်းစားထားကြဖို့ နှိုးဆော်ထားပါတယ်။

ဖြူးမြို့ဝန်းကျင်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅.၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ညပိုင်းမှာ ၄ ဒသမ ၈ အဆင့်ရှိ ၁ ကြိမ်လှုပ်ခတ်ခဲ့တာပါ။

ပဲခူးတိုင်း၊ ဖြူးမြို့နားတဝိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှ ပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောထားပါတယ်။

ငလျင်တွေ အကြိမ်ကြိမ် လှုပ်ခတ်နေမှုကြောင့် လက်ရှိမှာ ဆည်တမံတွေ ထိခိုက်မှုမရှိသေးဘဲ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဒီနေ့ ၁၄ ရက်နေ့အထိ လှုပ်ခတ်တဲ့ ငလျင် အကြိမ်ရေ ၁၈ ကြိမ်အထိ ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013