DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားကလေးများအတွက် နေ့စားလပေး ဆရာ ၅၀၀၀ ကျော် ခန့်အပ်ခဲ့
DVB
·
January 13, 2018
တိုင်းရင်းသားကလေးများအတွက် နေ့စားလပေး ဆရာ ၅၀၀၀ ကျော် ခန့်အပ်ခဲ့
Donate to DVB

အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားကလေးတွေကို သင်ကြားသင်ယူမှု ကူညီနိုင်ဖို့ နေ့စားလပေး ဆရာပေါင်း ငါးထောင်ကျော်ခန့်အပ်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန စာရင်းဇယားတွေ အရ သိရပါတယ်။

ဒီဆရာတွေအနေနဲ့ သင်ကြားတဲ့ ဘာသာရပ်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ ကူညီရှင်းပြရမှာ ဖြစ်ပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကစပြီး ခန့်အပ်လိုက်တာပါ။

ဧရာဝတီတိုင်းမှာ ၁၂၆၇ ယောက် ခန့်ထားပြီး အများဆုံး ဖြစ်ပါတယ်။ ပြီးတော့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အများဆုံးခန့်ထားပါတယ်။ နေပြည်တော်မှာတော့ ၇ ယောက်ပဲ ခန့်ထားလို့ အနည်းဆုံး ဖြစ်ပါတယ်။

အခြေခံပညာကျောင်းများမှာ တိုင်းရင်းသားဘာသာစကား ၄၆ မျိုးကို ကျောင်းချိန်ပြင်ပ သင်ကြားပေးနေတယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုဥက္ကဋ္ဌ ဦးညီလှငယ်က ပြောထားပါတယ်။

တိုင်းရင်းသားစာပေကို အစိုးရကျောင်းတွေမှာ သင်ကြားဖို့ ခွင့်ပြုပြီးတဲ့ နောက်ပိုင်း သက်ဆိုင်ရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ပြီး သင်ကြားပေးနေခဲ့တာပါ။

ဒီလို သင်ကြားရာမှာ ဆရာ၊ ဆရာမတွေရရှိဖို့၊ ရေရှည်သင်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား စာပေသင်တဲ့ ဆရာတွေကို တရားဝင်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အခုခန့်အပ်လိုက်တာကတော့ တိုင်းရင်းသား ဘာသာစကားသင်ပေးရမယ့် ဆရာတွေ အနေနဲ့မဟုတ်ဘဲ အကူဆရာတွေပုံစံပဲ ခန့်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013