DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသသို့ လာရောက်လေ့လာ
DVB
·
January 13, 2018
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသသို့ လာရောက်လေ့လာ
Donate to DVB

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO မောင်တောဒေသရှိ ပကတိမြေပြင်အနေအထားတွေကို လေ့လာဖို့ ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာပါတယ်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO နဲ့ သံတမန်အဖွဲ့တွေဟာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဝင်းမြတ်အေး လိုက်ပါပြီး မောင်တောကို ရဟတ်ယဉ်တွေနဲ့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့ ပန်းတောပြင် ဘင်္ဂါလီကျေးရွာကို သွားရောက်ပြီး ဘင်္ဂါလီကျေးရွာလူကြီးတွေနဲ့ တွေဆုံကာ လက်ရှိ ကျေးရွာကို လျှပ်စစ်မီးပေးနေမှုတွေ၊ လူနေအိမ်တည်ဆောက်နေမှုအခြေနေတွေကို မေးမြန်းခဲ့ပါတယ်။

မောင်တောမြို့မှ တဆင့် လေယာဉ်တွေနဲ့ တောင်ပြိုလက်ဝဲရှိ တဖက် ဘင်္ဂလားဒေရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဘဂါင်္လီတွေကို လက်ခံဖို့ ဆောက်လုပ်နေတဲ့ လက်ခံရေး စင်တာတွေ ဆောက်လုပ်နေမှု အခြေအနေတွေကို လေ့လာဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013