DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းတွင် ယမ်းချက်ရာမှ ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံး
DVB
·
January 13, 2018
သပိတ်ကျင်းတွင် ယမ်းချက်ရာမှ ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံး
Donate to DVB

သပိတ်ကျင်းမြို့နယ်ထဲက ရွှေတူးတဲ့ ကုမ္ပဏီတခုမှာ ယမ်းချက်ရင်းပေါက်ကွဲလို့ လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာနားက မွန်ကြည်ဖြူ ကုမ္ပဏီမှာ ဖြစ်ခဲ့တာပါ။

မွန်းလွဲ ၂ နာရီမှာ ယမ်းပေါက်ကွဲတယ် သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ကွက်တာဝန်ခံ ကိုတူးက ကျောက်မိုင်းခွဲဖို့အတွက် ရောင်စဉ်နဲ့ မင်းမော်ဆိုတဲ့ ဝန်ထမ်း နှစ်ယောက်ကို ချက်ယမ်း တပိဿာလောက် ပြန်ချက်ခိုင်းခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ တနှစ်အတွင်း ယမ်း ရှစ်တန်လောက် သုံးစွဲခွင့် ရှိတယ်လို့ ဆိုပါတယ်။

ယမ်းတွေချက်နေတုန်းမှာ မီးလောင်ပေါက်ကွဲလို့ ရောင်စဉ်နဲ့ မင်းမော်တို့ ဝမ်းဗိုက်ပွင့်၊ ဝဲ/ယာလက်ပြတ်၊ ယာခြေ မီးလောင်၊ ခန္ဓာကိုယ်အသားစတွေ လွင့်စင်ပြီးသေဆုံးခဲ့တာပါ။

ဒါနဲ့ ပတ်သက်လို့ ယမ်းချက်ခိုင်းသူ ကိုတူးက တိမ်းရှောင်နေလို့ သပိတ်ကျင်းမြို့မရဲစခန်းမှာ ပေါက်ကွဲစေတတ်တဲ့ ဝတ္တုပစ္စည်းကို ပေါ့လျော့စွာ ကိုင်တွယ်အသုံးပြုမှု/ပေါ့လျော့မှုကြောင့် လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၀၄-က နဲ့ အမှုဖွင့်ထားပြီး စုံစမ်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013