DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့တွင် ငလျင်လှုပ်ခတ်
DVB
·
January 13, 2018
ထန်းတပင်မြို့တွင် ငလျင်လှုပ်ခတ်
Donate to DVB

ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းထဲမှာ ငလျင်ငယ်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၉ မိနစ်က ကမ္ဘာအေးငလျင်စခန်းက အနောက်မြောက်ဘက်  ၁၃ မိုင်လောက်အကွာ၊ ထန်းတပင်မြို့ရဲ့ အရှေ့တောင်ဘက် ၂ မိုင်လောက်ကို ဗဟိုပြုခဲ့တာပါ။

အင်အားကတော့ ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၁၂ ရက်နေ့ ညကလည်း ဖြူးမြို့နားမှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တာဖြစ်ပါတယ်။

ဖြူးမြို့ဝန်းကျင်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅.၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ဟုမ္မလင်းအနီးမှာ နေ့လယ် ၂ နာရီလောက်က ၄ ဒသမ ၃ အဆင့်ရှိ  မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။

ပဲခူးတိုင်း ဖြူးမြို့နားတဝိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဒီနေ့ ၁၃ ရက်နေ့အထိ လှုပ်ခတ်တဲ့ ငလျင် အကြိမ်ရေ ၁၆ ကြိမ်အထိ ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013