DVB Logo
Home
မြန်မာသတင်း
စပါးဈေးကျပြီး ၀ယ်သူမရှိ၍ အညာတောင်သူများ အခက်ကြုံ
DVB
·
January 13, 2018
စပါးဈေးကျပြီး ၀ယ်သူမရှိ၍ အညာတောင်သူများ အခက်ကြုံ
Donate to DVB

မိတ္ထီလာခရိုင်အတွင်းက စပါးစိုက်ကြတဲ့ အညာတောင်သူတွေ စပါးဈေးကျနေပြီး စပါးဝယ်မယ့်သူမရှိဖြစ်နေလို့ နွေသီးနှံစိုက်ဖို့ စိုက်စရိတ်မရှိဘဲ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတောင်တွေက ပြောပါတယ်။

ဒိုင်ကောင်ကုန်ရွာတောင်သူကိုဝင်းမြင့်က “မျိုးစပါး၊ ထွန်ပြင်ထယ်လိုက်၊ ပျိုးနုတ်ပျိုးချကောက်စိုက်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းလိုက် ရိတ်သိမ်း ဆိုတဲ့ စပါးစိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ ကုန်ကျစရိတ် တွက်လိုက်ရင် လယ်တဧကကို အရင်းထည့်ထားတာ ငွေ ၃ သိန်းကျော်လောက် ကုန်တယ်၊ မနောသုခစပါးတတင်းကို ၅၅၀၀ ကျပ်ဈေးပေါက်တယ်။ ဧရာပဒေသာစပါးတတင်းကို ၈၀၀၀ ကျပ်လောက်ပဲရှိတယ်။ မနှစ်က စပါးပေါ်ချိန်မှာ ပေါက်တဲ့ ဈေးထက်နိမ့်နေတယ်။ နွေစပါးစိုက်ဖို့ အရင်းပြန်လုပ်ရမယ်။ ရောင်းမယ်ဆိုလည်း ဝယ်သူမရှိဘူးဆိုတော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတယ်” လို့ ပြောပါတယ်။

ဆန်ပွဲရုံ ကိုဆန်းဦးက “ပြည်တွင်းမှာပဲ ရောင်းရတယ်။ ပြည်ပဈေးကွက်မရှိဘူးပေါ့။ ‎အရောင်းအဝယ်အေးတယ်ဗျာ။ မနောသုခတတင်းကို ၁ သောင်း ၆ ထောင်လောက်ရှိပါတယ်။ ဧရာပဒေသာကတော့ တတင်း ၁ သောင်း ၈ ထောင်လောက်ရှိတယ်။ ရွှေဖိုးအုပ်စုကတော့ ဆန်အရက်ချက်တယ် ဆိုပြီး ပြည်တွင်း အရောင်းအဝယ်ရှိတယ်။ စပါးအထွက်နည်းပြီး ဈေးမငြိမ်တော့ သိပ်မစိုက်ကြဘူး” လို့ ပြောပါတယ်။

‎ စိုက်ပျိုးရေးမန်နေဂျာ ဦးမင်အောင်က ‎”ဒီနှစ်မိုးကောင်းတော့ စပါးစိုက်တောင်သူတွေ စပါးရကြတယ်။ ဝယ်မယ့်သူမရှိတော့ ခက်ကုန်ရော။ တောင်သူတွေ စိုက်စရိတ်နည်းမယ့် နည်းပညာ အသစ်တွေတော့ စမ်းနေပြီ။ အဲဒါတွင်ကျယ်လာရင် တောင်သူတွေ သဘောကျလာရင် စရိတ်နည်းပြီး အမြတ်ရလာမှာပါ” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်း မိုးစပါးစိုက်ဧက ‎နှစ်သိန်းလောက်ရှိပြီး နွေးစပါးစိုက်ဧက တသိန်းလောက်ရှိနေပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013