DVB Logo
Home
မြန်မာသတင်း
အင်းဒင်တွင် ဖမ်းဆီးထားသည့် ကျောင်းဆရာ ဦးထွန်းအေးကို ရုံးထုတ်စစ်ဆေး
DVB
·
January 13, 2018
အင်းဒင်တွင် ဖမ်းဆီးထားသည့် ကျောင်းဆရာ ဦးထွန်းအေးကို ရုံးထုတ်စစ်ဆေး
Donate to DVB

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာက ဖမ်းဆီးထားတဲ့ ကျောင်းဆရာ ဦးထွန်းအေးကို  ဇန်နဝါရီ ၁၂ ရက်က မောင်တောမြို့ တရာရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူ့အမှုကို လိုက်ပေးနေတဲ့ တရားလွတ်တော် ရှေ့နေဦးခင်ဝင်းက “အဲဒီအမှုကတော ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၄ နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ဒီနေ့တော သူ တရားခံပြေးတွေကို စစ်ဆေးတာသာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီနေ့ရုံးချိန်းကို ဦးထွန်းအေးရဲ့ ဇနီးဖြစ်သူကတော့ ကလေး နေမကောင်းလို့ လိုက်မလာနိုင်ကြောင်း သိရပါတယ်။

ဇနီးဖြစ်သူ ဒေါ်ခင်ဆန်းမြင့်ကို ဖုန်ဆက်မေးမြန်းရာမှာ “ဟုတ်ပါတယ် ကျမမှာ သားသမီးသုံးဦး နဲ့ ဒုက္ခရောက်နေပါပြီ။ သားသမီး ၂ ဦးက ပညာသင်ယူနေပါတယ်။ အိမ်ရှင် တဦးရဲ့ လစာငွေ တခုတည်းနဲ့ ရပ်တည်နေရတာဖြစ်တဲ့အတွက် အခုတရား စွဲတင်ပြီဆိုတော့ လစာက တ၀က်ပဲ ရတော့မှာ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ပညာသင်ယူနေတဲ့ သား နဲ့ သမီးဆီလည်း ငွေမပို့နိုင်တောပါဘူး။ သမီးအကြီးဆုံးက သတ္တမတန်းဖြစ်ပြီး သားအလတ်ကတော စတ္တုတတန်းပါ။ သားအငယ်ကတော အသက် ၂ နှစ် နဲ့ လေးလ သာရှိပါသေးတယ်။ အခု ကလေးနေမကောင်းလို့ ဒီနေ့ မလာဖြစ်တာပါလို့ပြောပါတယ်” လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ အင်းဒင်ကျေးရွာသား တဦးကတော့ “အခု သေသွားတဲ့ အကြမ်းဖက်သမားတွေဟာ ကျနော်တို့ရွာကို တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ကြတာပါ။ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားတဲ့နေံ မနက်ပိုင်း အခု အဖမ်းခံထားရတဲ့ ကိုထွန်းအေး ဖခင်ဖြစ်တဲ့ ဦးမောင်နီဟာ သူမွေးထားတဲ့ ကျွဲ ၂ ကောင်းကို ရွာအနီးမှာ လိုက်ရှာရင်း ဒီအကြမ်းဖက်သမားတွေက သတ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ အင်းဒင်ကျေးရွာကို မီးရှို့မယ်။ တရွာလုံးကို သတ်မယ်ဆိုပြီး လော်စပီကာနဲ့ ခြိမ်းခြောက်ပါသေးတယ်” လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေနဲ့ ပတ်သက်ပြီး အင်းဒင်ကျေးရွာ သားတွေဖြစ်တဲ့ ဦးမောင်သိန်းဖြူ ၊ ဦးထွန်းအေးနဲ့ ဦးထွန်းနိုင်တို့ကို ဒီဇင်ဘာ ၁၅ ရက်က အင်းဒင်ကျေးရွာကနေ ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

ဇွန်နဝါရီ ၅ ရက်နေ့မှာတော့ ဦးမောင်သိန်းဖြူနဲ့ ညီဖြစ်သူ ဦးထွန်းနိုင်တို့ လွတ်မြောက်လာပြီး ဦးထွန်းအေးတဦးသာ ကျန်ရှိနေတာဖြစ်ကြောင်း သိရှိရပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013