DVB Logo
Home
မြန်မာသတင်း
မွန်နိုင်ငံရေးပါတီတခု ဖွဲ့စည်းနိုင်ရေး မွန်နိုင်ငံရေးညီလာခံ ကျင်းပ
DVB
·
January 13, 2018
မွန်နိုင်ငံရေးပါတီတခု ဖွဲ့စည်းနိုင်ရေး မွန်နိုင်ငံရေးညီလာခံ ကျင်းပ
Donate to DVB

မွန်နိုင်ငံရေးပါတီတခု ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဓမ္မာရုံမှာ ဇန်နဝါရီ ၁၃ ရက်နေ့က မွန်နိုင်ငံရေးညီလာခံ ကျင်းပနေပါတယ်။

ဇန်နဝါရီ ၁၃ ကနေ ၁၄ ရက်နေ့အထိ ၂ ရက်တာကျင်းပမယ့် ဒီညီလာခံမှာ မွန်တိုင်းရင်းသား ကိုယ်စားပြုနိုင်ငံရေးပါတီ တခုဖွဲ့စည်းနိုင်ဖို့ ဆုံးဖြတ် အတည်ပြုသွားမှာပါ။

မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ပြည်ပရောက် မွန်တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ သံဃာတော်တွေ တက်ရောက်ဆွေးနွေးနေကြတာပါ။

လက်နက်ကိုင်အဖွဲ့စည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက လေ့လာသူတွေအနေနဲ့သာ တက်ရောက်ခဲ့ပြီး၊ မွန်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ညီလာခံကို ကန့်ကွက်ထားတဲ့အတွက် တရားဝင် တက်ရောက်ခြင်းတော့ မရှိပါဘူး။

ဒါပေမယ့်လည်း မွန်အမျိုးသားပါတီအကြီးအကဲတဦးဖြစ်သူ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဖြစ်သူ ဒေါက်တာမင်းကြည်ဝင်း ညီလာခံကို တက်ရောက်လာတာကို တွေ့နေရပါတယ်။

ဒီနေ့ (ပထမနေ့) ညီလာခံမှာတော့ မွန်နှစ်ပါတီ ပေါင်းစည်းရေးညှိနှိုင်းမှု ကော်မတီက နှစ်ပါတီ ပေါင်းစည်းဖို့ ၁ နှစ်ကျော်အကြာ ကြိုးပမ်းခဲ့တဲ့ အခြေအနေတွေကို တင်ပြခဲ့တာပါ။

မွန်တိုင်းရင်းသား နှစ်ပါတီ ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ နောက်ဆုံးအစီစဉ် တခုအနေနဲ့ အခုလို မွန်နိုင်ငံရေးညီလာခံကို ကျင်းပပြီး နောက်ထပ် မွန်တိုင်းရင်းသားကိုယ်စားပြု ပါတီသစ်တခု ဖွဲ့စည်းဖို့ ၂ ရက်တာ ဆွေးနွေးအတည်ပြုသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013