DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးကြောင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း မန်းကျော်နီပြော
DVB
·
January 13, 2018
ကျန်းမာရေးကြောင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း မန်းကျော်နီပြော
Donate to DVB

ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ရတာဟာ ကျန်းမာရေးအရ တာဝန်အပြည့်အဝ မထမ်းဆောင်နိုင်မှာကို စိုးရိမ်လို့ ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

သူနုတ်ထွက်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၂ ရက်နေ့ညနေပိုင်းက အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့တာပါ။

“အန်အယ်လ်ဒီရဲ့ အလုပ်ကိုရော၊ စီအီးစီ တာဝန်ကိုရော အားလုံးကို ဆက်လုပ်မှာပါ။ ဆက်လုပ်ပေမယ့်လို့ ကျန်းမာရေးနဲ့ အသက်ကြီးတော့ ဒီဘက်ကဟာကို ခေတ္တအနားယူဖို့ တောင်းထားရင် ဟိုဘ၁က်ကိုလည်းပဲ ခေတ္တအနားယူဖို့ တောင်းမှာ ကျိန်းသေတယ်။” လို့ ပြောပါတယ်။

သူ့အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျောက် အဂတိကင်းကင်းနဲ့ တိုင်းဒေသကြီးကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီသတင်းဌာနက ဖော်ပြသလို သူ့ရဲ့ဆွေမျိုးထဲမှာ နည်းလမ်းမကျတဲ့ စီးပွားရေး လုပ်ဆောင်တဲ့သူ ရှိမယ်ဆိုရင် ချက်ချင်းဖမ်းဆီးထောင်ချမှာဖြစ်ပြီး အဲ့ဒီလိုလုပ်ဆောင်တဲ့ သူကို တိတိကျကျဖော်ပြဖို့ သူကပြောပါတယ်။

ပါတီရဲ့ဖိအားပေးမှုကြောင့်လားလို့ မေးခွန်းနဲ့ပတ်သက်လို့ ဖိအားပေးတာကြောင့် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် မန်းဂျော်နီဟာ ၂၀၁၆ နိုဝင်ဘာလက ဘောလုံးကန်ရင်း ချော်လဲတာကြောင့် လက်မောင်းရိုး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရသလို ၂၀၁၇ ဇန်န၀ါရီတုန်းကလည်း ကားတိုက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီယာဉ်မတော်တဆဖြစ်ပြီး ကျန်းမာရေး ချို့ယွင်းလာတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013